အခန်း (၂၁) အရက်​တန်​ခိုး (၁)

13.2K 1.5K 36
                                    

အခန်း (၂၁) အရက်​တန်​ခိုး (၁)

ဗီယမ်​နမ်​ ဟာလုံ​ဘေးမှာကမ်းကပ်​ထားတဲ့သ​င်္ဘောကည၁၁နာရီ​လောက်​မှစတင်​ထွက်​ခွာမှာဖြစ်​တယ်​။ ထို့​ကြောင့်​ ထိုအချိန်​မ​ရောက်​ခင်​အထိခရီးသွားတို့က ကမ်း​ခြေမှာ​ဆော့ကစားခြင်း​သော်​လည်း​ကောင်း၊သ​င်္ဘော​ပေါ်ပြန်​အနားယူခြင်း​သော်​လည်း​ကောင်းလုပ်​နိုင်​ကြသည်​။ ဒီခရီးသွားသ​င်္ဘောက အ​မေရိကနဲ့ဥ​ရောပကြားမှာ​ပြေးဆွဲ​နေတဲ့သ​ဘောင်္​တွေ​လောက်​မခမ်းနား​သော်​ငြားလည်း အ​ပျော်​ခရီးသွားသ​ဘောင်္တစ်​စင်းမှာရှိသင့်​တဲ့ ​ဖျော်​​ဖြေ​ရေးကဏ္ဌ​တွေပါဝင်​တယ်​။

ည​နေခင်း၏လိ​မ္မော်​​ရောင်​​နေမင်းကြီးက ​ရောင်​ခြည်​များနှင့်​ပင်​လယ်​ပြင်​​အောက်​​ရေငုပ်​ရန်​ပြင်​​နေ​လေသည်​။ ချန်​အန်း ​နေဝင်​ဆည်းဆာအလှကိုကြည့်​ ရန်​ သ​ဘောင်္ကုန်းပတ်​​ပေါ်တက်​လိုက်​သည်​။ ​နေဝင်​စအလင်း​ရောင်​ဆို​ပေမယ့်​လည်း သာမန်​မျက်​နှာနဲ့ကြည့်​ဖို့ကမျက်​စိကျိန်းလွန်းတယ်​။ (T-သူကမျက်​စိမှုန်​တယ်​​လေ) ။ ​နေမင်းရဲ့သိမ်​​မွေ့ခြင်းဆိုတာပုံရိပ်​​ရောင်​သပ်​သပ်​ပါပဲ။

အဆုံးမရှိတဲ့သမုဒ္ဒရာပြင်​ကြီးကိုကြည့်​ရင်းချန်​အန်းမျက်​လုံးမှိတ်​ရင်း ဆားငန်​​လေတို့ကိုရှူသွင်းလိုက်​သည်​။ အ​တွေး​တွေအားလုံးကိုအနား​ပေးပြီးထိုအချိန်​​လေးကိုသာအပြည့်​အဝခံစားကြည့်​လိုက်​သည်​။ သူတရုတ်​ပြည်​ကိုပြန်​​ရောက်​တဲ့အခါ သူ့ဘဝကတစ်​ဖန်​ကျည်​ဆန်​များကြားဖြတ်​သန်းရ​ပေ​တော့မည်​။

လုဖုန်း.... မင်းရဲ့သစ္စာ​ဖောက်​မှုအတွက်​မင်းကျိန်း​သေ​ပေးဆပ်​ရမယ်​။

တိတ်​ဆိတ်​​နေတဲ့ချန်​အန်းမျက်​လုံး​တွေကိုပြန်​ဖွင့်​လိုက်​ပြီး ​နောက်​ကိုလှည့်​လိုက်​​တော့ သူ့​နောက်​မှာခိုး​ကြောင်​ခိုးဝှက်​လုပ်​​နေသည့်​လူတစ်​​ယောက်​နဲ့ပက်​ပင်းတိုး​လေသည်​။ ဘယ်​သူဆိုတာအတပ်​သိ​ပေမယ့်​လည်း ချန်​အန်းမျက်​လုံးတွင်းအံ့သြခြင်းအရိပ်​အ​ယောင်​တစ်​ချို့ ဖြတ်​​ပြေးသွား၏။

Rebirth of Chen An【Zaw + uni】Where stories live. Discover now