အခန်း (၁၃၆) သက်သေပြမယ်

1.3K 250 5
                                    

အခန်း (၁၃၆) သက်သေပြမယ်

မျက်နှာကသေချာပေါက်လုဖုန်းပင်။မတူသည်ကလုဖုန်းဟာဆံပင်မရှည်သလိုသူ့ကိုလေသံမာမာနဲ့အော်ရဲမည်မဟုတ်ပါ။

'' အတင့်ရဲလိုက်တာ! ကျူပ်နာမည်ကိုခေါ်ဖို့ခွင့်ပြုလိုက်လို့လား''

ချန်အန်းစိတ်ထဲမှာတိတ်တိတ်ကလေးမကျေမချမ်းဖြစ်နေသည်။တွေ့လားလုဖုန်းသူ့ကိုအော်နေပြန်ပြီ။

''ဒါဖြင့်ရင်ဘယ်လိုခေါ်ရမှာလဲ။ ငါ့ကိုရက်စက်သွားတဲ့အသည်းနှလုံးမရှိချစ်သူကြီးရယ်ခေါ်ရမှာလား။''

ချန်အန်းကသူတို့ညအိပ်ဖို့ငှားထားတဲ့တည်းခိုခန်း၏အခန်းထဲတွင်လက်နောက်ပြန်ကြိုးတုပ်ခံထားရလျက်မတ်တပ်ရပ်နေသည်။ အလုံးစုံကိုချေမှုန်းမည့်စစ်သူကြီးဆိုတဲ့လုဖုန်းကတော့ သူ့ရှေ့တည့်တည့်မျက်နှာထားကိုခက်ထန်စွာနှင့်ထိုင်နေသည်။

စားသောက်ဆိုင်တွင်အဖမ်းခံရစဥ်ကချန်အန်းပြန်မခုခံခဲ့ပေ။ တင်းရှန်းနဲ့သူ့ကိုယ့်ကိုယ်အေးဆေးအဖမ်းခံပြီးတည်းခိုခန်းဆီပြန်လိုက်ခဲ့သည်။ တစ်ဖက်မှာတော့သူ့လက်နက်တွေနဲ့ပြသာနာမရှာချင်သလို တစ်ဖက်မှာတော့လုဖုန်းနဲ့နာမည်ရောလူပါချွတ်စွပ်တူသည့်လူပေါ်လာသောကြောင့်အံ့ဩနေခြင်းဖြစ်သည်။

ချန်အန်းရယ်ရမလားငိုရမလားမသိတော့။သူလုဖုန်းကိုရှာတွေ့သွားပေမယ့်လုဖုန်းကသွေးဆာတဲ့စစ်သူကြီးတစ်ယောက်ဖြစ်နေတယ်တဲ့လေ။

'' ချန်အန်း မင်းရူးချင်ယောင်ဆောင်တာနဲ့ပဲ ကျူပ်ကမင်းကိုလွှတ်ပေးလိမ့်မယ်ထင်နေတာလား။'' ဒီစစ်သူကြီးကလည်းစကားပြောတဲ့နေရာမှာလုဖုန်းလိုအေးစက်စက်ပင်။

မဟုတ်ဘူး ဒီသောက်စစ်သူကြီးကလုဖုန်းနဲ့တစ်ပုံစံတည်းတူနေတာ။ချန်အန်းကိုမသိတာကလွဲရင် အမူအရာအကျင့်တွေကအစတူတူပဲ။ ချန်အန်းကတော့ဒီကမ္ဘာမှာတူညီတဲ့လူနှစ်ယောက်တပြိုင်တည်းရှိလိမ့်မယ်လို့မယုံဘူး။ လုဖုန်းနဲ့တူတဲ့ဒီစစ်သူကြီးနဲ့ဆုံရတာလည်းအကြောင်းအရင်းမရှိဘဲနဲ့တော့မဖြစ်နိုင်ဘူး။
ကျန်းလဲ့ပြောသောစကားများကတွေဝေအတွေးများနေသောချန်အန်းအာရုံထဲပြန်ရောက်လာသည်။ သူ့ကိုချစ်တဲ့သူတွေကိုသံသယမဝင်ဖို့၊တစ်ယောက်ချင်းရဲ့မှတ်ဥာဏ်တွေဟာအချစ်စစ်နဲ့မှနှိုးထလာလိမ့်မယ်။ဒါမှပဲသူအိမ်မက်က​ေနလက်တွေ့ကမ္ဘာကိုပြန်နိုင်မယ်ဆိုတာပေါ့။

Rebirth of Chen An【Zaw + uni】Where stories live. Discover now