အခန်း (၁၆၁) ဖြိုချပစ်လိုက်

1K 153 14
                                    

အခန်း (၁၆၁) ဖြိုချပစ်လိုက်

'' အခြေအနေဘယ်လိုလဲ''

ချန်အန်းက ကျောက်ပတ်စီးစည်းထားခံရသည့်ရှောင်ကောင်းအတွက်သစ်သီးတစ်ခြင်းဝယ်လာပြီးသတင်းသွားမေးသည်။ ရှောင်ကောင်းကမချိတင်ပြုံးရင်း ချန်အန်းကိုတုန့်ပြန်လိုက်သည်။
''ဆရာဝန်ကတော့ အဆင်ပြေသွားမယ်လို့ပြောတာပဲ ဆရာချန်။ နာတာရှည်တော့မဖြစ်ဘူးတဲ့။''

'' တော်သေးတာပေါ့။ ကျောင်းကိုစိတ်မပူနဲ့ငါပြောထားပေးမယ်။ဒါနဲ့မင်းလိုချင်တာရှိရင်ဝမ်လီကိုပြော။ အတန်းချိန်ပျက်တာအတွက်စိတ်ပူရင်ငါကျူတာငှားပေးမယ်။''

ရှောင်ကောင်းကသူတို့ကြောင့်ဒဏ်ရာရတာမို့ ချန်အန်းအနေနဲ့ကျန်းမာရေးပြန်ကောင်းဖို့တာဝန်ယူပေးရမှာနဲ့ လက်တုန့်ပြန်ပေးရမှာကတာဝန်ရှိတယ်လို့ခံယူထားတယ်။ သူ့အနေနဲ့အကြမ်းဖက်နည်းမသုံးမိအောင်အတတ်နိုင်ဆုံးရှောင်ရမည်။ မျှတတဲ့ကစားပွဲလေးတစ်ခုကိုလိုချင်တာကသူ့စိတ်ရင်းအမှန်ပဲ။ သူ့အနေနဲ့သူသဘောကျတဲ့ကလေးတွေနဲ့ပျော်ပျော်ရွှင်ရွှင်ကစားပွဲလေးတစ်ခုလုပ်ချင်ရုံပဲ။ ဒါပေမဲ့ပြိုင်ဖက်တွေက မသမာတဲ့နည်းသုံးပြီး ဆက်တိုက်နှောက်ယှက်နေတယ်။ သူသာဒါကိုဘာမှမဖြစ်သလိုကျော်သွားပေးလိုက်ရင် နိုင်ငံတကာကအလိုရှိတဲ့ ရာဇဝတ်ဘုရင်ကြီးမြေခွေးအိုဘယ်ဟုတ်ပါတော့မလဲ။

'' ရပါတယ် မလိုပါဘူး။ စာနဲ့ပတ်သက်တာကရှောင်မင်ကူညီလိမ့်မယ်။'' ရှောင်ကောင်းကရယ်ရင်လက်ကိုရမ်းကာငြင်းလိုက်သည်။ ''ဆရာချန်ချမ်းသာတာကျနော်သိပါတယ်။ ဒီအခန်းက ကျနော့်အိမ်ထက်တောင်မှာခမ်းနားနေသေးတယ်။ ဒါပေမဲ့ ခြေထောက်ကျိူးတာလေးအတွက်နဲ့တော့ တအားကြီးပိုနေသလိုပဲ သာမန်အခန်းပဲယူကြရအောင်လား။''

'' ဘာလဲ ငါမင်းကိုပိုက်ဆံပြန်တောင်းမှာကြောက်နေတာလား။ ရတယ် မင်းပြောသလိုငါကချမ်းသာတယ် ဒါမဲ့အခုမင်းသာမန်ခန်းကိုပြန်ပြောင်းမယ်ဆိုရင်တော့ ကိုယ့်ဘာကိုပေး''

ကောင်လေးက ခေါင်းကိုကုပ်ရင်း ' ကျနော်တွေးတာကိုသိနေတာပဲ' ဆိုပြီးရှက်ရယ်ရယ်လိုက်သည်။ တကယ်တမ်းသူကမဆင်းရဲပေမဲ့ချမ်းသာနေတာလဲတော့မဟုတ်ဘူးလေ။ သူ့ဘဝမှာတစ်ခါမှဒီလောက်ကြီးတဲ့အခန်းထဲမနေဖူးဘူး။ အဲ့အပြင် အထူးသူနာပြုလည်းရှိသေးတယ်။ TV အကြီးကြီးနဲ့အိပ်ရာကလည်းအကျယ်ကြီး။ တစ်နေ့က အခန်းငှားခဘယ်လောက်ကျမှာလဲလို့စပ်စုမိတာ ဆွံ့တောင်သွားရတယ်။ ဘာလို့ဆိုသူဘွဲ့ရပြီးအလုပ်ရရင်တောင်ဒီအခန်းတစ်ခန်းစာအတွက်ငှားခစရိတ်ကိုပေးနိုင်မှာမဟုတ်ဘူးဆိုတာသိလိုက်ရလို့ပဲ။

Rebirth of Chen An【Zaw + uni】Where stories live. Discover now