အခန်း(၈၉) ဝိုင်

9K 1.3K 232
                                    

အန်း(၈၉) ဝိုင်

အဲ့ဒီ​နေ့ကသူနိုးလာတဲ့အချိန်​မှာ အိမ်​ခန်းထဲမဟုတ်​ဘဲ​လေယာဉ်​​ပေါ်မှာဆိုတာ သိလိုက်​ကတည်းကသူ့ကိုယ်​သူအဆုံးသတ်​သွားပြီဆိုတာ သ​ဘော​ပေါက်​လိုက်​သည်​။ သူ့ကိုလူသူအ​ရောက်​အ​ပေါက်​နည်းတဲ့ကျွန်းဆီပို့လိုက်​ကြသည်​။ လက်​ထိပ်​​တွေ​ခြေကျင်း​တွေမခတ်​ထား​ပေမယ့်​ သူ့က​ရေမှမကူးနိုင်​တာပဲ။ ​ရေကူးနိုင်​တယ်​ဆိုတာအုန်း ဒီကျွန်းက​နေ​ရေကူးပြီးထွက်​သွားဖို့က ရူး​နေတဲ့သူမဟုတ်​ရင်​​တွေးမှာမဟုတ်​ဘူး။

"ရှင်​​သောက်​မလို့ဆို''

ရှည်​လျား​သောအရပ်​အ​မောင်းနှင့်​ ​နေခြည်​​ရောင်​ဆံနွယ်​များရှိကာ နတ်​တစ်​ပါးလို လှသည့်​ အမျိုးသမီးတစ်​ဦးသူ့​ဘေးလာရပ်​သည်​။ မိန်းမ​တွေနဲ့အဆက်​အဆံသိပ်​မရှိတဲ့ ချန်​အန်း​တောင်​မှမကြည့်​ဘဲမ​နေမိ​လောက်​ကြည့်​မိသည်​။

"​ကျေးဇူးပဲ ကိတ်​ယာရှာ ''

ခွက်​တစ်​လုံးနဲ့ဝိုင်​တစ်​ပုလင်းကို သူမကချ​ပေးသည်​။ ချန်​အန်း​ကျေးဇူးတင်​ပြီး​နောက်​ ကိုယ့်​ဘာကိုယ်​အဖုံးဖွင့်​ပြီး ခွက်​အပြည့်​ငှဲ့​သောက်​လိုက်​သည်​။

"ကျွန်​မရှင့်​ကိုမသနားဘူး အဲ့အပြင်​မုန်း​တောင်​မုန်း​သေးတယ်​။ အိုင်​ဗန်​က အယုတ်​တမာ​ကောင်​လို့ဆိုလို့ရ​ပေမယ့်​ သူကရှင့်​အ​ပေါ်​တော့အရမ်း​ကောင်းတယ်​။ အဲ့တာကိုရှင်​ကရက်​ရက်​စက်​စက်​ ​သေနတ်​နဲ့ပစ်​ပြီး ​ထောင်​ထဲထည့်​ရက်​​သေးတယ်​​နော်​''

ကိတ်​ယာရှာကသူမလက်​နှစ်​ဖက်​ကို ပြည့်​​ဖောင်း​ဖောင်းရင်​သား​အောက်​မှာယှက်​လိုက်​ပြီး ချန်​အန်း​ရှေ့​ခြေချိတ်​ထိုင်​လိုက်​သည်​။ သူတို့ချန်​အန်းကိုဒီကို​ခေါ်လာကတည်းက အိုင်​ဗန်​ကထိခိုက်​​အောင်​မလုပ်​ရဘူးလို့အမိန့်​​ပေးထားလို့သာ​ပေါ့။ တကယ်​ပဲ မနာလိုစရာ​ကောင်းလိုက်​တာ။

သူမစကားကိုဖုတ်​​လေတဲ့ငါးပိရှိတယ်​လို့​တောင်​မထင်​ပဲ ဝိုင်​ကိုသာ​အေး​ဆေး​သောက်​​နေတဲ့ ချန်​အန်းကိုကြည့်​ပြီး သူမ မ​နေနိုင်​​မေးမိသည်​။ ''ရှင်​ အိုင်​ဗန်​ကိုနည်းနည်း​လေးမှခံစားချက်​မရှိဘူးလား''

Rebirth of Chen An【Zaw + uni】Where stories live. Discover now