အခန်း(၄၃) ဒုတိယ​မြောက်​ အ​မွေဆက်​ခံသူအ​လောင်းလျာ

11.2K 1.4K 71
                                    

အခန်း(၄၃) ဒုတိယ​မြောက်​ အ​မွေဆက်​ခံသူအ​လောင်းလျာ

လက်​နက်​အ​ရောင်းအဝယ်​သမားတစ်​​ယောက်​က လက်​နက်​တစ်​ခုချင်းစီရဲ့​အမျိုးအစားကိုမမှတ်​မိဘူးဆိုရင်​။ဘယ်​လိုလုပ်​အခြားလူ​တွေဆီလက်​နက်​​ရောင်းမလဲ။
ချန်​အန်းသူ့​ရှေ့တည့်​တည့်​မှာရပ်​​နေသည့်​ချန်​ယန်းကိုကြည့်​လိုက်​သည်​။ချန်​ယန်းကလည်း​ကြောက်​​နေတာ​တွေစိတ်​လှုပ်​ရှားတာ​တွေမရှိပဲချက်​ချင်းပြန်​​ဖြေသည်​။

"Lee-Enfield ရိုင်​ဖယ်​ရဲ့ကြံ့ခိုင်​မှုက Mauser Kar98Kရိုင်​ဖယ်​ထက်​သာတဲ့အပြင်​ Lee-Enfield ရိုင်​ဖယ်​ရဲ့ကျည်​​ရောက်​နိုင်​နှူန်းကလည်း Mauser Kar98Kထက်​သာတယ်​''

ချန်​အန်း​ခြေကို​ကွေးပြီး လက်​တစ်​ဖက်​ကိုဆိုဖာ​နောက်​မှီ​ပေါ်ဆန့်​တန်းပြီး​ကျောမှီထားလိုက်​သည်​။ လက်​ထဲကမဂ္ဂဇင်းကိုလည်းစိတ်​မဝင်​စားသလို ​ဘေးချလိုက်​သည်​။
"ဆက်​​ပြော''

"Lee-Enfield ရိုင်​ဖယ်​က ကြံ့ခိုင်​မှုနဲ့ကျည်​​ရောက်​နိုင်​နှုန်းမှာသာတယ်​ဆို​ပေမယ့်​ သူ့ရဲ့တည်​​ဆောက်​ပုံကစိတ်​မချရဘူး။ ပစ်​အားထက်​ ချိန်​နှုန်းကိုပိုမြန်​ဆန်​ဖို့လည်းလိုတယ်​။ အခြားကျည်​အလျင်​​တွေကသူ့ကိုဖျက်​ဆီးနိုင်​တယ်​။''

အ​ဖြေကို​ဖြေ​နေတဲ့အချိန်​မှာချန်​ယန်းအမူအရာကအရမ်းကို​ကောင်းတယ်​။ တည်​ညိမ်​ပြီးအာရုံစူးစိုက်​မှုရှိတယ်​။ ​ကြောက်​လန့်​တုန်​ရီပြီးထစ်​​ငေါ့​နေတာမျိုးမရှိဘူး။အရင်​ကနည်းနည်းမရင့်​ကျတ်​တဲ့ပုံ​ပေါက်​ခဲ့​ပေမယ့်​အခုသူ့ပုံစံကနည်းနည်းရင့်​ကျတ်​လာပြီ။
ချန်​အန်းတစ်​ခု​မေ့သွားတယ်​ ။ ချန်​ယန်းတက်​​နေတဲ့တက္ကသိုလ်​ကရှန်​ဟိုင်းရဲ့အ​ကောင်းဆုံးတက္ကသိုလ်​ဆိုတာ။ ချန်​ယန်းအစွမ်းအစနဲ့ဆို မာစတာဘွဲ့ထပ်​ယူဖို့ဘာမှမခက်​ခဲဘူး။

"မင်းမှာအခြားအမြင်​ရှိ​သေးရင်​ဆက်​​ပြောကြည့်​ပါအုန်း'' ​ပြောစရာကျန်​​သေးပုံရတဲ့ချန်​ယန်းကိုကြည့်​ပြီး ချန်​အန်းသူ့ဒူး​ပေါ်ကလက်​​ချောင်း​တွေကိုတတပ်​တပ်​​ခေါက်​​နေလိုက်​သည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now