အခန်း (၁၄၉) ဆရာလုပ်မယ်

1.6K 272 15
                                    

အခန်း (၁၄၉) ဆရာလုပ်မယ်

ချန်ယန်းတစ်ယောက်မိသားစုအမွေကိစ္စကိုကောင်းကောင်းဖြေရှင်းနိုင်မယ်ဆိုတာချန်အန်းယုံကြည်ပေမဲ့ဒီလိုကိစ္စတွေကဘယ်လောက်အကျည်းတန်မှုတွေဖြစ်နိုင်လဲဆိုတာလည်းချန်အန်းသိတယ်။

သူတို့နှစ်ယောက်လုံးအသိထဲကဥပမာပေးရရင်အိုင်ဗန်ပေါ့။ အိုင်ဗန်ရဲ့မိသားစုကမော်စကိုမှာပုဂ္ဂိုလ်ကျော်တွေပဲ။ဒါပေမဲ့သူကတစ်ဦးသောအမွေဆက်ခံသူမဟုတ်ဘူး။ အိုင်ဗန်ဒီနေ့ထိ လျှောက်ခဲ့တဲ့အောင်မြင်မှုဆိုတဲ့လမ်းက လူတော်တော်များများရဲ့သွေးနဲ့မျက်ရည်တွေခင်းထားတဲ့လမ်းပဲ။

မိသားစုထဲကအလားအလာရှိတဲ့ပြိုင်ဖက်တွေကို အာဖရိကဖက်ကစိန်တွင်းမှာပို့ထားတာမျိူး။ ဥရောပနဲ့အမေရိကဖက်ကမိသားစုပိုင်စီးပွားရေးတွေကိုစီမံခိုင်းတာမျိူးနဲ့လူခွဲထားပြီး မိသားစုရဲ့အဓိကစီးပွါးရေးဖြစ်တဲ့ရေနံနဲ့ဓာတ်ငွေ့လုပ်ငန်းကတော့အိုင်ဗန်လက်ထဲမှာရှိတယ်။ ထိပ်တိုက်ရင်ဆိုင်ရတဲ့ပဋိပက္ခတွေနဲ့တိုးတိုးတိတ်တိတ်ဖြေရှင်းရတဲ့ပဋိပက္ခတွေဆိုတာက ကြွယ်ဝတဲ့မိသားစုမှာမရှားဘူး။ ဒါပေမဲ့ အာဏာနဲ့ဥစ္စာအရှေ့မှာ အသက်ဆိုတာဘာလဲ။ လူ့ကျင့်ဝတ်ဆိုတာဘာလဲအရေးမပါဘူးလေ။

ချန်အန်းအနေနဲ့ကျောက်မိသားစုလိုမိသားစုသေးသေး​လေးကတော့ဒီလောက်ကြီး ရေပွက်ထအောင်လုပ်နိုင်မယ်မထင်ပါဘူး။ရုရှားကဘီလျှံနာမိသားစုနေနေ တောရွာကသူဌေးမိသားစုနေနေ အမွေကိစ္စကရှိတာပဲ။တိုက်ခိုက်မှုတွေကလည်းတိုက်ရိုက်ရောသွယ်ဝိုက်ပြီးတော့ရောရှိနေမှာပဲ။ ချန်အန်းအမြင်မှာ ချန်ယန်းက တော်တယ်ဆိုပေမဲ့လူ့အသိုင်းအဝိုင်းအကြောင်းကိုသိပ်မသိသေးတဲ့တက္ကသိုလ်ကျောင်းသားလေးအဖို့ ကောက်ကျစ်ဥာဏ်များတတ်ဖို့ကတော့အတွေ့အကြုံရမှသင်ယူတတ်မှာပဲ။

'' အန်းးး''

ချန်အန်းလေဆိပ်ရှေ့ရောက်တာနဲ့ကားတစ်စီးထိုးရပ်တာကိုမြင်လိုက်ရသည်။ မတွေ့ရတာရက်အတော်ကြာပြီဖြစ်တဲ့ချန်ယန်းကပြေးလာပြီး သူ့ luggage အိတ်ကိုဆွဲယူလိုက်သည်။ အပြန်လမ်းမှာတော့ချန်ယန်းကကျောက်အိမ်မှာဘာတွေဖြစ်ခဲ့တဲ့အကြောင်းခရေစေ့တွင်းကျပြောပြန်လေသည်။

Rebirth of Chen An【Zaw + uni】Where stories live. Discover now