အခန်း(၈၀) ဟုတ်​တယ်​မလား?

8.3K 1.2K 126
                                    

အခန်း(၈၀)  ဟုတ်​တယ်​မလား?

"ဦး ဟုတ်​တယ်​မလား?''

လုဖုန်းကချန်​အန်း၏အ​မေးကိုမ​ဖြေပဲ ပြန်​လည်​​မေးသည်​။ အမြဲတ​စေ ခံစားချက်​မဲ့​နေတတ်​​သောမျက်​ဝန်းတို့က တအိအိပြိုကျလာ​တော့မည့်​မိုးသားများနှယ်​မှိုင်းညို့​နေ၏။ သူ့အသံကတိုးညှင်း​သော်​လည်း အနီးကပ်​ရှိ​နေသည့်​ချန်​အန်းမှာမူ ​ကောင်းစွာကြားနိုင်​​သေးသည်​။

ဟုတ်​တယ်​၊ မဟုတ်​ဘူး ဆိုတဲ့အ​ဖြေကို​ဖြေဖို့က ချန်​အန်းအတွက်​မခဲယဉ်းပါဘူး။ သူလုဖုန်းရဲ့ရူးသွပ်​မှုကို တိုက်​ရိုက်​ငြင်းဆိုလိုက်​နိုင်​​ပေမယ့်​ စကားနှစ်​လုံး​လောက်​နဲ့ထပ်​နှိပ်​စက်​ချင်​​သေးတယ်​။

ချန်​အန်း တိုက်​ရိုက်​အငြင်းစကားမဟုတ်​​သော်​လည်း ဝန်​ခံရာမကျသည့်​ စကားနှစ်​လုံးကိုခပ်​​ဖျော့​ဖျော့ပြုံး၍ပြန်​​ဖြေလိုက်​သည်​။ ''မှန်းကြည့်​''

ဒီစကားနှစ်​လုံးကပင်​ လုဖုန်းကိုရူးသွပ်​သွား​စေဖို့ လုံ​လောက်​သွားပြီ။ တိကျတဲ့အ​ဖြေဟုတ်​သည်​ဖြစ်​​စေ မဟုတ်​သည်​ဖြစ်​​စေ သူဒီလူကိုဘယ်​လိုမှလက်​လွှတ်​ခံမည်​မဟုတ်​ပါ။

"ပြန်​လာခဲ့ အန်း'' အိုင်​ဗန်​အ​ဝေးက မင်းကငါ့ကိုဖက်​ ငါကမင်းကိုဖက်​ပြီး တီးတိုးတီးတိုးနဲ့ဒရမ်​မာရိုက်​​နေတဲ့လူနှစ်​​ယောက်​ကြည့်​ပြီး ​ဒေါသ​ရေ​နွေးအိုးဆူလာသည်​။ သူမျက်​ဝန်း​တွေကို​မှေးကျဉ်းပြီး ''လုဖုန်း...မင်းအတွက်​ ငါတစ်​ပုံစံထဲထပ်​​ပေးနိုင်​တယ်​ နှစ်​ဆ!"

"ကြားရတာမဆိုးဘူးပဲ'' လုဖုန်း၏မျက်​လုံးများနှင့်​ အကြည့်​ချင်းဆုံ​နေဆဲ ချန်​အန်းကပြုံးလျှက်​ ဖြည်းညင်းစွာ မိမိလက်​ကိုလုဖုန်းပုခုံးမှဖယ်​လိုက်​သည်​။

ရုတ်​တရက်​ လုဖုန်းကအသိပြန်​ဝင်​လာပြီး ​ရှေ့သို့တိုးကာစိုရွှဲ​နေသည့်​အမျိုးသားကိုတင်းကြပ်​စွာထပ်​မံဖက်​ထားလိုက်​သည်​။

"မသွားပါနဲ့... ကျွန်​​တော့်​ကိုထပ်​ပြီးမထားခဲ့ပါနဲ့ ​ကျေးဇူးပြုပြီး...''

Rebirth of Chen An【Zaw + uni】Where stories live. Discover now