အခန်း (၁၃၁) မိစ္ဆာတွေရောက်လာပြီ

1.7K 308 21
                                    

အခန်း (၁၃၁) မိစ္ဆာတွေရောက်လာပြီ

ကျန်းလဲ့၊ မင်းလား  ကျန်းလဲ့။

အဖြူရောင်အလင်းတန်းထဲတွင်ချန်အန်းသည် သူအမြင်ချင်ဆုံးလူကိုမြင်လိုက်ရသည်။ ကျန်းလဲ့ကိုမြင်နေရပြီဆိုတော့ ဒါဆိုသူသေသွားတာပေါ့။ ချန်အန်းအားတင်းကာမြေပေါ်မှထ၍ကျန်းလဲ့ရှိရာပြေးသွားလိုက်သည်။

''ကျန်းလဲ့''

အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်လူငယ်လေးကသူ့ကိုအနူးညံ့ဆုံးပြုံးပြနေ၏။ သို့ပေမဲ့ ဘယ်လောက်ပြေးပြေးသူတို့ကြားကအကွာအဝေးကနီးကပ်မလာခဲ့ပေ။

''အစ်ကို အခုကအချိန်မကျသေးဘူး။'' လူငယ်လေးကဝမ်းနည်းလျက်ရှိသောမျက်ဝန်းများနှင့်ဆိုလာသည်။

'' အစ်ကို ကျွန်တော့်စကားတွေကိုမှတ်ထားပါ။ သေချာမှတ်ထားရမယ်နော်။ ဒါနောက်ဆုံးအကြိမ်...တကယ်နောက်ဆုံးအကြိမ်ကျွန်တော်အစ်ကို့ကိုကာကွယ်နိုင်တာပဲ။''

ကျန်းလဲ့ မင်းဘာတွေပြောနေတာလဲ။
ငါ့ကိုထားမသွားစမ်းပါနဲ့။ မင်းအစ်ကိုကိုမထားခဲ့ပါနဲ့လား။ ငါတို့ဒီလောက်ဒုက္ခမျိူးစုံကြုံပြီးမှပြန်တွေ့ကြတာ ထပ်ပြီးထွက်မသွားပါနဲ့လား။ ဘယ်တော့မှထွက်မသွားပါနဲ့တော့။

'' ကျွန်တော်တို့လက်နက်တွေကြောင့်ခံစားခဲ့ရတဲ့လူတွေရဲ့ဒုက္ခအတိုင်း ကျွန်တော်တို့တစ်ထပ်တည်းပြန်ပေးဆပ်ကြရတာပဲ။''

'' အစ်ကို့ကိုချစ်တဲ့သူတွေရဲ့အချစ်ကိုသံသယမဝင်ပါနဲ့။ တစ်ယောက်ချင်းရဲ့မှတ်ဥာဏ်တွေကအချစ်စစ်နဲ့မှနှိုးထနိုင်လိမ့်မယ်။ အဲ့အချိန်မတိုင်ခင်အထိ လာခဲ့တဲ့နေရာကိုအိမ်မက်ကနေနှိုးထနိုင်မှာမဟုတ်ဘူး။''

ထိုစကားများပြောပြီးနောက်ကျန်းလဲ့ကချန်းအန်းကိုနူးညံ့စွာကြည့်လျက်ဆိုသည်။ '' အစ်ကို အခု ကျွန်တော့်နေရာမှာအစ်ကို့ကိုချစ်တဲ့သူအများကြီးမြင်ရတာကျွန်တော်အရမ်းဝမ်းသာတယ်။''

'' အစ်ကို့ကိုချစ်တယ်။ဒါပေမဲ့ေတာင်းပန်ပါတယ်။ကျွန်တော်သွားရတော့မယ်။''

ဒါသူတို့နောက်ဆုံးအကြိမ်တွေ့ရခြင်းဖြစ်လိမ့်မည်။ လူငယ်လေးကအလင်းရောင်ထဲကိုဝင်ရောက်ပျောက်ကွယ်သွားပြီးချန်အန်းစိတ်အာရုံတွင်အနူးညံ့ဆုံးအပြုံးတစ်ခုသာကျန်ရစ်ခဲ့သည်။

Rebirth of Chen An【Zaw + uni】Where stories live. Discover now