အခန်း (၁၄၆) တူအရင်းမဟုတ်ဘူး

1.7K 284 4
                                    

အခန်း (၁၄၆) တူအရင်းမဟုတ်ဘူး

အသံဖိုင်ပို့ပြီးသိပ်မကြာခင်မှာပဲချန်အန်း ပြန်စာအသံဖိုင်ကိုရလိုက်သည်။ ချန်ယန်းပြောတာကအားလုံးအဆင်ပြေကြောင်းနဲ့မကြာခင်သူ့ကိုလာကြည့်မယ်ဟူ၍ပင်။ ဒါပေမဲ့ချန်အန်းကတော့အသံဖိုင်ထဲကနောက်မှာစကားများနေတဲ့အသံတစ်ချိူ့ကိုရိပ်မိလိုက်တယ်။

သူကလည်းအားနေတော့တင်းရှန်းအတွက်စာချန်ပြီးဆေးရုံဝန်ထမ်းတွေကိုနည်းနည်းမေးလိုက်တယ်။ ဒီဆေးရုံမှာတရုတ်လူမျိူးလူနာကလည်းသိပ်မရှိတော့ချန်ယန်းဘယ်ဌာနမှာလဲဆိုတာရှာတွေ့ဖို့ကသိပ်မခက်ပါဘူး။ VIP လူနာလည်းဖြစ်နေတော့ချန်အန်းက သီးသန့်သူနာပြုရဲ့အကူအညီနဲ့ချန်ယန်းရှိရာကိုသွားလို့အလွယ်လေးရသွားတယ်လေ။ ချန်ယန်းကိုတွေ့တဲ့အချိန်သူကပန်းခြံထဲကခုံတန်းလျားမှာထိုင်နေပြီးအနားမှာတော့ချန်အန်းမသိတဲ့လူတစ်ချိူ့သူ့ကိုဝိုင်းနေကြတယ်။

''ယန်းယန်း ဒါအမေ့အမှားတွေပါ။ ကိုယ့်အမေကိုယ်ခွင့်လွှတ်ပေးမယ်မလားဟင်''

အသက်၄၀ဝန်းကျင်လောက်ရှိပြီးတော်တော်လှသည့်အမျိူးသမီးတစ်ဦးကစိတ်လှုပ်ရှားနေသည့်ဟန်နှင့် ချန်ယန်းဘေးနားမတ်တပ်ရပ်နေသည်။သူမကဒေါက်ကိုသတ္တုစွပ်ထားသည့်ဒေါက်မြင့်ဖိနပ်ကိုစီးထားပြီး ပုခုံးမှာနာမည်ကြီး Luxury အိတ်ကိုလွယ်လျက်လက်မှာတော့ DNA reportကိုကိုင်ထားသည်။
ထိုအမျိူးသမီးနဲ့ယှဥ်လျင်ချန်ယန်းကတော့မတုန်မလှုပ်ပင်။ ချန်ယန်းသူမကိုကြည့်သည့်အကြည့်များကအေးစက်ကာခံစားချက်မဲ့ပြီး စိတ်ပျက်ရွံရှာသည့်အသွင်များတောင်ပါသည်။

'' အမေနဲ့အတူလိုက်ခဲ့ပါနော်။ မင်းကသိပ်တော်တဲ့ကျောင်းသားလေးဆိုတာအမေသိပါတယ်။ မင်းကထိပ်တန်းတက္ကသိုလ်ကနေအဆင့်လည်းကောင်းကောင်းရထားတာလေ။ဒီမှာနေတာကို်ယ့်အရည်အချင်းကိုဖြုန်းတီးတာပဲအမေနဲ့လိုက်ခဲ့နော်။အမေသားကိုနိုင်ငံခြားကအကောင်းဆုံးတက္ကသိုလ်ဆီပို့ပေးမယ်။''

ချန်ယန်းကမတုန်မလှုပ်ဆက်ရှိနေတုန်းမို့သူမကလက်ထဲကအိတ်ကိုဘေးလူထိုးပေးပြီး ချန်ယန်းလက်ကိုဆုပ်ကိုင်လိုက်သည်။

Rebirth of Chen An【Zaw + uni】Where stories live. Discover now