အခန်း(၈၂) ရိုမန့်တစ်​ ညစာ

8.1K 1.1K 33
                                    

အခန်း(၈၂) ရိုမန့်တစ်​ ညစာ

"ဘာလို့လက်​မခံရမှာလဲ ။ ဒါမင်းငါ့အ​ပေါ်အ​ကြွေးတင်​​နေတာပဲကို'' ချန်​အန်းလက်​စွပ်​ဗူးကို​ဘေးချပြီး အိုင်​ဗန်​မျက်​နှာကိုထိလိုက်​သည်​။

"ဒီဘီလီယံ​ဒေါ်လာအကုန်​လုံး ငါ့ဘဏ်​အ​ကောင့်​ထဲ​ရောက်​​နေတာကိုမြင်​ချင်​တယ်​''

"​ဟေး...ကိုယ်​​နောက်​ရက်​​ထိထပ်​​စောင့်​လို့ကိစ္စမရှိပါဘူး ဒါ​ပေမယ့်​ မနက်​ဖြန်​ည​တော့.....'' အိုင်​ဗန်​၏မျက်​လုံးတို့က အန္တရာယ်​ရှိ​သောဂရိဒဏ္ဌာရီလာကျားသစ်​နက်​မျက်​ဆန်​များနှယ်​ မီးစုန်း​ရောင်​​တောက်​​နေပြီး ချန်​အန်း၏နားသီးကိုစိုစွတ်​စွတ်​ ​လေပူတစ်​ချို့ရှပ်​တိုက်​သွားသည်​။ ''ကိုယ်​ဘာလိုချင်​လည်း မင်းသိပါတယ်​''

စကားလုံးများ​လေးနက်​​လေ လိုအင်​ဆန္ဒတို့ရဲ့အရိပ်​အမြွတ်​​ပေါ်​လေ။

တကယ်​လို့ချန်​အန်းသာ ​ငွေ​တော့လက်​ခံပြီး ​ခြေ​တော့မကား​ပေးဘူးဆိုရင်​ အခု​နေလူကြီးလူ​ကောင်းဟန်​​ဆောင်​​နေတဲ့ အိုင်​ဗန်​ဟာစိတ်​ဆိုးပြီး ရက်​စက်​ပြပါလိမ့်​မည်​။

ချန်​အန်းကအိုင်​ဗန်​ရဲ့သည်းခံစိတ်​ကို စိတ်​​ခေါ်ထားခဲ့​ပေမယ့်​လို့ သူအများကြီးမကစားရ​သေးဘူး။ ဘာ​ကြောင့်​ဆို သူဟာအိုင်​ဗန်​ကိုရင်းနှီးပြီး ဒီ​ကောင်​​လေးရဲ့စိတ်​​နေသ​ဘောထားကိုနားလည်​တာ​ကြောင့်​ပဲ။

မီးနဲ့ကစားတာကအိုင်​ဗန်​ရဲ့လွတ်​လပ်​ခွင့်​ပဲ။ သူ့ရဲ့သိချင်​စိတ်​နဲ့အသာပြင်းပြမှုက သူ့ကိုမီးရဲ့ယဇ်​​ကောင်​ဖြစ်​​စေလိမ့်​မယ်​။ ဒါ​ပေမယ့်​ အဲ့ဒီမီးကသူ့ကိုမဝါးမြိုခင်​ ချန်​အန်းကသူ့ကိုမီးပုံထဲအရင်​တွန်းချပစ်​လိုက်​မည်​။

"ကိုယ်​နဲ့ အတူ ညစာစားနိုင်​မလား?'' အိုင်​ဗန်​ရဲ့သတိ​ပေးမှုကိုလျစ်​လျူရှုပြီး ချန်​အန်းအတင့်​ရဲစွာဖြင့်​ပြုံးပြီးလက်​ခံလိုက်​သည်​။

"ငါ ဟိုတယ်​ရဲ့အ​ကောင်းဆုံးစား​သောက်​ဆိုင်​ကိုသွားချင်​တယ်​''

Rebirth of Chen An【Zaw + uni】Where stories live. Discover now