အခန်း (၁၄၄) သာမန်လူနေမှုဘဝ

1.4K 270 6
                                    

အခန်း (၁၄၄) သာမန်လူနေမှုဘဝ

ချန်အန်းနဲ့တင်းရှန်းတို့ဟိုဖက်ကမ္ဘာမှာဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုတစ်ထပ်တည်းကျမှတ်မိနေတဲ့အပြင်နောက်ထပ်သက်သေတစ်ခုကချန်အန်းဖုန်းပဲ။

ချန်အန်းအားသွင်းပြီးကြည့်လိုက်တော့ဖုန်းထဲမှာသူရိုက်ထားတဲ့လမ်းတစ်လျှောက်ကပုံတွေအပြင်ဝမ်ရယ်နဲ့အခြားသူတွေရဲ့ပုံကိုသူတို့မသိရိုက်ထားတာတွေပါရှိနေသေးသည်။ပုံတွေကမကြည်ပေမယ့်သူအတွက်ကတော့လုံလောက်ပါတယ်။

ဆေးရုံမှာတစ်လနေပြီးတော့အိမ်မှာလဝက်လောက်ပြန်နားလိုက်တာချန်အန်းလည်းနလန်ပြန်ထူပါပြီ။ဒီအတောအတွင်းသူ့ဘဝကအတော်အေးချမ်းတယ်။ မနက်ပိုင်းမှာဆိုကျွမ်းကျင်ဆရာတွေနဲ့ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းလုပ်တယ်။ပြီးရင်ချန်ယန်းသို့မဟုတ်တစ်ယောက်ယောက်နဲ့လမ်းလျှောက်ထွက်တယ်။လမ်းမှာငန်းတွေကိုအစာကျွေးတယ်။ ဒီအားလပ်ရက်တွေကထူးထူးဆန်းဆန်းချန်အန်းကိုအကျေနပ်ကြီးကျေနပ်စေတယ်။ အရင်ကဆိုအငြိမ်းစားယူတဲ့ဘဝကသူ့အတွက်ဘာကြီးလဲလို့မေးယူရာမယ့်အရာဆိုပေမယ့် ဒီလိုအေးချမ်းတဲ့ဘဝမျိူးသူအခုပို်င်ဆိုင်ရလိမ့်မယ်လို့တွေးတောင်မတွေးဖူးဘူး။

'' ငါအရင်တုန်းကအပြစ်တွေအများကြီးကျူးလွန်ခဲ့တယ်။အဲ့တာကငါတင်မဟုတ်ဘဲငါ့နားကလူတွေကိုပါထိခိုက်သွားစေတယ်။''

ချန်အန်းကပြတင်းနံဘေးမှာရပ်ရင်းလိုက်ကာကိုအနည်းငယ်ဆွဲဖွင့်ကာအပြင်သို့ကြည့်လိုက်သည်။ အဝေးကမှုန်ပျပျအလင်းရောင်လေးတွေကလွဲရင်အကုန်လုံးကမှောင်မည်းနေသည်။ ပြီးတော့မှသူ့နံဘေးကလူငယ်လေးကိုဆက်ပြောလိုက်သည်။ ''လုဖုန်း ငါဒီတစ်ခေါက်နိုးလာတော့ငါဆုံးဖြတ်ချက်ချလိုက်တယ်။ ငါဒီလောကကနေထွက်တော့မယ်။မင်းကိုဘာလုပ်ပါညာလုပ်ပါလို့ငါအမိန့်မပေးချင်ပါဘူး။ဒါပေမဲ့မင်းရဲ့ဆရာတစ်ယောက်အနေနဲ့မင်းဘဝကိုတစ်နည်းနည်းနဲ့ပြောင်းလဲဖို့ငါမျှော်လင့်တယ်။''

ဒီစကားတွေကအပေါ်ယံ နူးညံ့ညှင်သာပေမဲ့လို့သေချာနားထောင်ကြည့်ရင်ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေပါဝင်နေသည်။
ချန်အန်းတကယ်တမ်းပြောချင်တာက - ကောင်လေး မင်းငါ့နားနေချင်ရင်အရင်ကလုပ်နေတာတွေရပ်လိုက်တော့။မဟုတ်ရင်ငါနဲ့ဝေးရာနေ။ဒါကအကြံပေးနေတာမဟုတ်ဘူး အမိန့်ပေးနေတာ
ဆိုတာပဲ။

Rebirth of Chen An【Zaw + uni】Where stories live. Discover now