အခန်း(၅၉) Ivanov's confession | Chen an's Game

9.5K 1.3K 81
                                    

အခန်း(၅၉) Ivanov's confession | Chen an's Game

"အိုး အချစ်​ရယ်​ စိမ်းကားလိုက်​တာ ။ ကိုယ့်​ကိုမမှတ်​မိဘူးလား။ ကိစ္စမရှိပါဘူး ကိုယ်​ပြန်​မှတ်​မိ​အောင်​လုပ်​​ပေးမှာ​ပေါ့''

"မင်းလို မျက်​နှာ​ပြောင်​ပြီးမုန်းစရာ​ကောင်းတဲ့လူကို ငါဘယ်​လိုလုပ်​ ​မေ့မှာလဲ'' ဆိုဒါကို နည်းနည်း​သောက်​ပြီး အိုင်​ဗန်​အတင်းအကြပ်​ကိုင်​ထားတဲ့ သူ့လက်​ကိုရုန်းလိုက်​သည်​။ သူ့မျက်​ဝန်းတို့က အတန်​ငယ်​ ​အေးစက်​​နေ၏။

"မိတ်​​ဆွေ​လေး ကျူပ်​လက်​ကိုလွှတ်​''

မိတ်​​ဆွေ​လေး?

ဒီစကားကိုကြား​တော့ အိုင်​ဗန်​မ​နေနိုင်​ပဲရယ်​မိ​တော့သည်​။ သူ ချန်​အန်းရဲ့ကျီး​ခြေရာတစ်​ခုမရှိတဲ့မျက်​နှာကို ကြည့်​ရင်း စ​နောက်​လိုက်​သည်​။ ''တရုတ်​​တွေက ကိုယ့်​ကိုယ်​ကိုတ​လေးတစား​ဖော်​ညွှန်းတတ်​မှန်း ကိုယ်​မသိလိုက်​ဘူး။ ဒီလိုကြည့်​​တော့ ခင်​များက ကျွန်​​တော့်​ထက်​ ​ခြောက်​နှစ်​၊ခုနှနှစ်​​လောက်​ကြီး​နေသလိုပဲ။''

"ဒါ​ကြောင့်​ လူကြီးတစ်​​ယောက်​အ​နေနဲ့ လူကြီးတစ်​​ယောက်​လိုပြုမူ​ပေါ့ ခုချိန်​ကစပြီး...'' ချန်​အန်းက တမင်​သက်​သက်​ အိုင်​ဗန်​ရဲ့မျက်​လုံးကိုလှမ်းပိတ်​လိုက်​သည်​။

အိုင်​ဗန်​ရဲ့ သက်​​တော်​​စောင့်​ ​ဗော့ဟန်​ က​တော့ လက်​ပိုက်​ပြီး မတ်​တပ်​​နေမြဲ။

"မင်းကအရမ်းက​လေးဆန်​တယ်​''

"ဒါက က​လေးဆန်​တယ်​ဆိုရင်​ လူကြီးဆန်​တာက ဘာလဲ မင်း​ပြောပြပါလား?'' အိုင်​ဗန်​က သူ့ရဲ့​ကောက်​ကျစ်​တဲ့​မြွေလိုလျှာကိုထုတ်​သပ်​လိုက်​ပြီး ​ရှေ့သို့ကိုင်းကာ ခပ်​တိုးတိုး​ရေရွတ်​လိုက်​သည်​။ '' အန်း.....ကိုယ်​တို့ဘာလို့ အခန်းထဲသွားပြီး လူကြီး​တွေလုပ်​သင့်​တဲ့အရာကို ဖြည်းဖြည်းချင်း​မလုပ်​ကြည့်​ရမှာလဲ?''

ချန်​အန်းက ရုတ်​တရပ်​ အိုင်​ဗန်​ကိုဆွဲကပ်​လိုက်​ပြီး ​ပြောလိုက်​သည်​။ ''ဒီလိုလား''

Rebirth of Chen An【Zaw + uni】Where stories live. Discover now