အခန်း(၁၅၁) PE အတန်းတက်ဖို့မမေ့နဲ့

1.4K 256 15
                                    

အခန်း(၁၅၁) PE အတန်းတက်ဖို့မမေ့နဲ့

ရွှေဘုံနန်းစံတက္ကသိုလ်ကျောင်းသားလေးတွေအဖို့ချန်အန်းရဲ့စစ်ရေးလေ့ကျင့်သလိုသင်တန်းပို့ချမှုကိုလိုက်နိုင်ဖို့လုံးဝမဖြစ်နိုင်ပါလေ။ဒါပေမဲ့လည်းထိပ်တိုက်တွေ့လို့မရမှန်းသဘောပေါက်ကြတာကြောင့်အံကိုကြိတ်ပြီးပစ္စည်းတွေကိုသာထရပ်ကားဆီသယ်ပို့နေလိုက်ကြသည်။သေချာတာကတော့ဘောပင်ကိုင်တဲ့ဒီလက်ကလေးတွေကအလုပ်ကြမ်းမလုပ်ဖူးကြဘူးလေ။

တစ်ချိူ့တစ်လေကလွဲရင်ကျောင်းသားကျောင်းသူအများစုကအိမ်မှာရှင်ဘုရင်မိဖုရားလိုဖူးဖူးမှုတ်ထားခံကြရတာပဲ။ တစ်ချိူ့ဆိုသူတို့ဘဝမှာဒီလိုပစ္စည်းအလေးကြီးတွေမပြောနဲ့တံမြတ်စည်းတောင်ကိုင်ဖူးတဲ့ရုပ်တွေမဟုတ်ဘူး။ အဲ့တာကြောင့်ကူလီသမားလိုပစ္စည်းသယ်နေကြတဲ့အချိန်မှာငြီးငြူသံကမြိုင်မြိုင်ဆိုင်ဆိုင်ပဲ။ ကံမကောင်းတာကချန်အန်းက မသနားတတ်ဘူးလေ။ ငိုမဲ့မဲ့ဖြစ်နေတဲ့ကောင်မလေးတွေကိုကြည့်ရင်ဘာများငိုစရာရှိလို့လဲလို့တောင်တွေးနေမိသေးတယ်။

'' ကလေးတို့ ငိုလည်းဘာမှမထူးဘူးနော်။မင်းတို့မျက်လုံးတွေထွက်ကျတဲ့အထိငိုလည်းကမ္ဘာကြီးကတော့လည်မြဲနေဦးမှာပဲ။''

သခင်ကြီးကတော့ခုံတစ်လုံးချပြီးကျောင်းသားတွေကိုထိုင်ကြည့်နေတယ်လေ။ တစ်ချက်တစ်ချက်လည်းပြေးနေတဲ့ လူတတ်ကြီးနှစ်ယောက်ကိုလှမ်းကြည့်ရသေးတယ်။ ပြီးတော့လက်ထဲကဖုန်းနဲ့ဟိုလူသည်လူဆီစာပို့နေတာပေါ့။

''ဒါလင် မင်းမျက်လုံးလေဆာကုထုံးလုပ်လိုက်တယ်ကြားတယ်။ ကို်ယ်တကယ်မပျော်ဘူးကွာ။ အခုမင်းမျက်မှန်လေးကိုဖယ်ပြီးစနောက်လို့မရတော့ဘူးလေ။ နှမြောလိုက်တာ''

မင်းဖင်ပဲနှမြော!

ချန်အန်းလည်းစာပြန်ပို့လိုက်သည်။ - ငါ စောက်ရူးတွေနဲ့စကားမပြောဘူး။မင်းကိုဘလော့ပြီ။

ချန်အန်းစာရောက်ပြီးနောက်အိုင်ဗန်၏မက်ဆေ့များကဆက်တိုက်ဆိုသလိုဝင်လာသည်။

'' မလုပ်ပါနဲ့ဒါလင်ရယ်။ တောင်းပန်ပါတယ်နော်ကိုယ့်အသည်းလေး။ မစိမ်းကားပါနဲ့။''

Rebirth of Chen An【Zaw + uni】Where stories live. Discover now