အခန်း (၂၇) ပိုက်​ဆံအတွက်​ကိုယ့်​ကိုယ်​ကိုမ​ရောင်းနိုင်

11.9K 1.6K 65
                                    

အခန်း (၂၇) ပိုက်​ဆံအတွက်​ကိုယ့်​ကိုယ်​ကိုမ​ရောင်းနိုင်

ထောင်​လိုရင်​၊ ရာစွန့်​? ဒါမျိုးကလုပ်​ဖို့လုံးဝမလိုအပ်​တာပဲ။ ချန်​အန်းသူ၏မျက်​ဝန်းတို့ကို​မှေးကျဉ်းလိုက်​သည်​။အိုင်​ဗန်​၏အကြည့်​တို့ကမသင်္ကာစရာ​ကောင်း​နေပြီး ထို​ရေခဲပြာ​ရောင်​မျက်​ဝန်း​အောက်​တွင်​ ​လေးနက်​သည့်​တစ်​စုံတစ်​ခုက ကိန်း​အောင်း​နေသည်​ကိုလည်းချန်​အန်းသတိထားမိလိုက်​သည်​။ အခုလက်​ရှိသူ့ရဲ့ဘဝနဲ့အဆင့်​အတန်းအရ အိုင်​ဗန်​လိုလူမျိုးကို ရန်​စတာက​ကောင်းတဲ့အကြံ​တော့မဟုတ်​ဘူး။

"ငါက​တော့မင်းကိုငါနဲ့အတူ​နေဖို့ဆွဲ​ဆောင်​နိုင်​တယ်​လို့မထင်​ပါဘူး'' ချန်​အန်း သူ့ကိုယ်​သူလက်​ညှိုးပြန်​ထိုးလိုက်​ပြီး ''ဒီရုပ်​ရည်​ဒီရည်​ ၊braces နဲ့မျက်​မှန်​နဲ့ ငါကမင်းကိုကြံစည်​ရဲပါ့မလား''

ထိုသို့​ပြော​သော်​လည်း ချန်​အန်းသည်​ဘယ်​ဘဝ​ရောက်​​ရောက်​ကိုယ့်​ကိုယ်​ကို​လျော့တွက်​တတ်​သည်​လူစားမဟုတ်​။ ဤစကားများက အိုင်​ဗန်​နား​ထောင်​ရန်​သက်​သက်​သာ​ပြောခြင်းဖြစ်​သည်​။
တစ်​ချိန်​တည်းမှာပဲ သူနည်းနည်း​တော့အံ့အားသင့်​မိတယ်​။ အိုင်​ဗန်​က သူနဲ့ 'ချန်​ကျန်းအန်း' ကိုအနည်းငယ်​ဆင်​တူတယ်​လို့ထင်​ရုံနဲ့ချည်းကပ်​လာရတဲ့အ​ကြောင်းအရင်းကို​ပေါ့။ သူတစ်​ခါမှ အိုင်​ဗန်​သူ့အ​ပေါ်ဒီလို ညစ်​ညမ်းတဲ့အ​တွေး​တွေရှိ​နေလိမ့်​မယ်​လို့မထင်​ခဲ့ဖူးဘူး။ ဒါမှမဟုတ်​ ဒီအ​မွှေးထူဝက်​ဝံကအစား​ကောင်း​တွေစားတာကြာပြီး အခြားအစာကိုစားချင်​စိတ်​ဖြစ်​လာတာများလား?

"အိုး..မင်းမ​ပြောရင်​ ကိုယ်​မင်း bracesတပ်​ထားတာ​မေ့​တော့မလို့''

ချန်​အန်းသူ့ကို ချူဖို့ကြိုးစား​နေလားမ​နေလားအိုင်​ဗန်​ဂရုမစိုက်​နိုင်​​တော့။ သူ​အော်​ထုတ်​ရင်​​တောင်​အိုင်​ဗန်​မထွက်​သွားနိုင်​ပါ။ဟုတ်​တယ်​ လုံးဝထွက်​မသွားဘူး။

"ကိုယ်​ဒီလိုအခန်းကျဉ်းကျဉ်း​လေးထဲမှာမလုပ်​ဖူး​သေးဘူး။ ဒါ​ပေမယ့်​လည်းအဆင်​​ပြေ​လောက်​မှာပါ''

Rebirth of Chen An【Zaw + uni】Where stories live. Discover now