အခန်း(၈၃) ဖ​ယောင်းမီး​ရောင်​​အောက်​က

8.1K 1.1K 101
                                    

အခန်း(၈၃) ဖ​ယောင်းမီး​ရောင်​​အောက်​က

နှင်းဆီနီ? ကြားရတာနဲ့တင်​မိန်းမဆန်​လိုက်​တာ။ ဒါ​ပေမယ့်​ တင်းရှန်းကိုသတင်း​ပေးဖို့ အိုင်​ဗန်​ထွက်​သွားမယ့်​အခွင့်​အ​ရေးကို ရှာ​တွေ့တာ​ကြောင့်​သူ့သက်​သက်​​ပြောလိုက်​ခြင်းဖြစ်​သည်​။ အိုင်​ဗန်​ နှင်းဆီပန်း​တွေ တကယ်​ခူးလာမလား မခူးလာဘူးလားဆိုတာက​တော့ သူစိတ်​မဝင်​စားဘူး။

ကော်​ဖီကို ​အေး​ဆေး​သောက်​ရင်းလက်​ပတ်​နာရီကိုကြည့်​လိုက်​​တော့ အိုင်​ဗန်​ထွက်​သွားတာ ၁၀မိနစ်​​လောက်​ရှိပြီ။ ​နေပါအုန်း...အဲ့ဒီဝက်​ဝံတကယ်​ပဲနှင်းဆီပန်း​တွေ ခူး​နေတာ​တော့မဟုတ်​ဘူးမှတ်​လား??

အသိမ​ပေးပါဘဲနဲ့စား​သောက်​ဆိုင်​တစ်​ခုလုံး အ​မှောင်​ကျသွားပြီး မည်​သည့်​အလင်း​ရောင်​မျှမရှိ​တော့​ပေ။  ချန်​အန်းခန္ဓာကိုယ်​​တောင့်​သွားပြီး စားပွဲ​ပေါ်ကအသားလှီးဓားကိုဆုပ်​ကိုင်​လိုက်​သည်​။ သူဒူး​ထောက်​ပြီး အ​ခြေအ​နေကိုစူးစမ်းမလို့ပဲရှိ​သေး ဖ​ယောင်းမီး​ယောင်​များက တစ်​ခုပြီးတစ်​ခုလင်းလာသည်​။ ထိုမီး​ရောင်​များက ဆိုင်​အဝင်​ဝဆီသို့တ​ဖြေး​ဖြေး​ပြေးသွားပြီး နှင်းဆီပန်းတစ်​​စည်းကိုကိုင်​လျှက်​သူ့ဆီတစ်​လှမ်းချင်း​လျှောက်​လာသည့်​ အမျိုးသားတစ်​ဦးကိုသူမြင်​လိုက်​ရသည်​။

ချန်​အန်း မျက်​ခုံးကိုအသာပင့်​ပြီး သူ့ဆီ တက်​ကြွစွာတစ်​လှမ်းချင်း​လျှောက်​လာအိုင်​ဗန်​ကိုကြည့်​​နေလိုက်​သည်​။ အိုင်​ဗန်​တစ်​လှမ်းလှမ်းတိုင်​ ​လျှောက်​လှမ်းနံ​ဘေးက ဖ​ယောင်းမီးတိုင်​များလင်းလက်​လာပြီး ​နောက်​ဆုံးတစ်​ဆိုင်​လုံးကြယ်​ပင်​လယ်​သဖွယ်​လင်းထိန်​လာသည်​။

သာယာနာ​ပြောဖွယ်​ဂီတသံကလည်းညိမ့်​​ညောင်းစွာထွက်​​ပေါ်​နေပြီး ပြန့်​ကျဲ​နေသည့်​အခြားဧည့်​သည်​များလည်းမရှိ​တော့ တစ်​ဆိုင်​လုံးတွင်​ သူတို့နှစ်​ဦးသာရှိ​တော့သလိုရှင်းလင်း​နေသည်​။

"ချစ်​​သောအန်းအတွက်​ရည်​စူးပါတယ်​'' အိုင်​ဗန်​ကသူ့​ရှေ့မှရပ်​ပြီး​နောက်​ ကိုယ်​ကိုကိုင်းကာဒူးတစ်​ဖက်​​ထောက်​လိုက်​ပြီး နှင်းဆီနီနီများကို သူ့ဆီသို့ကမ်း​ပေးသည်​။ လှုပ်​ရှားမှုတိုင်းက သိမ်​​မွေ့စွာဆွဲ​ဆောင်​မှုရှိ​နေသည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now