အခန်း(၂)စိတ်​ပျက်​ဖို့​ကောင်းတဲ့ပြန်​လည်​​မွေးဖွားခြင်း

26.2K 2.1K 27
                                    

ပထမအကြိမ်​​သေ​ကြောင်းကြံလို့မ​အောင်​မြင်​ခဲ့လို့ဒုတိယအကြိမ်​ပြန်​ကြိုးစားမယ်​ဆိုရင်​ဒါဟာ​သေ​ချော​ပေါက်​ရူးမိုက်​တဲ့လုပ်​ရပ်​ပဲ။ ချန်​ကျန်းအန်း က​တော့ကိုယ့်​နားထင်​​ပေါ်​သေနတ်​​ထောက်​တာမျိုး​နောက်​ထပ်​ ထပ်​လုပ်​မှာမဟုတ်​​တော့ဘူး။ သူမ​သေဘူးဆိုမှ​တော့ သူ​ကောင်း​ကောင်းအသက်​ရှင်​သွားရမှာ​ပေါ့။ ​သေပြီး​သေချာ​ပေါက်​ငရဲသွားရမှာထက်​စာရင်​ အခုအ​ခြေအ​နေကမဆိုးသာပါဘူး။
အဖြူ​ရောင်​လူနာဝတ်​စုံပွကိုဝတ်​ထားသည့်​ချန်​ကျန်းအန်း​ဆေးရုံခန်းသန့်​စင်​ခန်းထဲကမှန်​အ​ရှေ့မှာရပ်​​နေပြီး ​ဘေစင်​အစွန်းနှစ်​ဖက်​ကိုတင်းတင်းဆုပ်​လျှက်​မျက်​လုံးတို့ကိုမှိတ်​ထားမိသည်​။ သူဒီလိုပြန်​လည်​​မွေးဖွားရလိမ့်​မယ်​လို့​တွေး​တောင်​မကြည့်​ဖူးသလို အချိန်​ခရီးသွား၊​နေရာခရီးသွား စတဲ့သဘာဝလွန်​ဖြစ်​ရပ်​မျိုးဆိုတာသူ့ဆီမှာဖြစ်​လာစရာလုံးဝအ​ကြောင်းရှိမယ်​လို့မထင်​ခဲ့ဘူး။ ပြန်​လည်​ရှင်​သန်​ခွင့်​ရမှ​တော့လည်း ဘာလို့ဒီလိုလူရဲ့ခန္ဓာကိုယ်​ထဲမှလဲ။

လူသတ်​​ငွေ့များကိုပြန်​လည်​ထိန်းချူပ်​လိုက်​ပြီး ချန်​ကျန်းအန်း မှန်​​ပေါ်ကတန်​ပြန်​ပုံရိပ်​ကိုကြည့်​လိုက်​သည်​။ ၃၆၀ကီလိုဂရမ်​ရှိတဲ့ ​ခြေ​လေး​ချောင်းရှိမှလမ်း​လျှောက်​လို့ရမယ့်​ ပါကျဲလိုလူထဲမှာ သူ့ဝိညာဉ်​​ရောက်​​နေတယ်​။ ​ရှေ့သွားအလယ်​နှစ်​​ချောင်းကလည်း စစ်​ပွဲမှာရန်​သူ​ဖောက်​ခံထားရတဲ့ခံတပ်​တံခါးလိုပဲမညီမညာ​ငေါထွက်​​နေသည်​။ အခုသူ့နှာ​ခေါင်း​ပေါ်တင်​​နေသည့်​မျက်​မှန်​ကိုချွတ်​လိုက်​ပါက ဤခန္ဓာသည့်​လူတစ်​ပိုင်း တိရိစ္ဆာန်​တစ်​ပိုင်းနှင့်​မခြား​ပေ။

"Fuck!"

ချန်​ကျန်းအန်း သည်​ဆဲရတာဝါသနာပါသည့်​လူမျိုးမဟုတ်​။ ဒါ​ပေမယ့်​အခုအ​ခြေအ​နေမှာသူ့ပါးစပ်​ကထွက်​နိုင်​တာဒီစကားတစ်​ခွန်းပဲရှိတယ်​။ သူ့ရဲ့မရင်းနှီးတဲ့ပုံရိပ်​ကိုကြည့်​ရင်း ချန်​ကျန်းအန်း ခါးသက်​သက်​ရယ်​မိသည်​။
ဒါကဘုရား​ပေးတဲ့အပြစ်​ဒဏ်​​ပေါ့။

Rebirth of Chen An【Zaw + uni】Where stories live. Discover now