အခန်း(၇၆) ဗျူဟာခင်းခြင်း

7.9K 1.1K 18
                                    

အခန်း(၇၆) ဗျူဟာခင်းခြင်း

"တင်းရှန်းငါ​ပြောတာနား​ထောင်​ ။ အိုင်​ဗန်​ရဲ့အတွင်းလူ​တွေကအခုရဲ​တွေအတွင်းမှာရှိ​နေတယ်​။ ဒါ​ကြောင့်​မင်းသူ့ကိုဖမ်းလို့မရနိုင်​တာ။ ငါတတ်​နိုင်​တဲ့အ​နေအထားကလည်းအကန့်​အသတ်​ရှိ​တော့ ဘယ်​သူကသူလျှိုလည်းငါမသိဘူး။ဒါ​ပေမယ့်​ အိုင်​ဗန်​ကိုဖမ်းဖို့ ငါကူညီ​ပေးပါမယ်​''

ဒီတစ်​ခါအိုင်​ဗန်​​ရောင်းမည့်​ပစ္စည်းမှာ သာမန်​လက်​နက်​မျိုးမဟုတ်​။ ဖျက်​ဆီးအားပြင်းသည့်​လက်​နက်​ကြီးမျိုးဖြစ်​သည်​။တန်​​ကြေးကလည်း ​ဒေါ်လာဘီလီယံချီသည်​။ တကယ်​လို့သာ မသမာသူလက်​ထဲထိုလက်​နက်​မျိုး​ရောက်​သွားပါက မ​တွေးကြည့်​နိုင်​သည့်​အကျိုးဆက်​များဖြစ်​လာနိုင်​သည်​။ ဒါ​ကြောင့်​ အိုင်​ဗန်​လက်​ထဲမ​ရောက်​ခင်​ ပစ္စည်းကိုဖြတ်​ယူရလိမ့်​မည်​။

"​ပြော ငါဘယ်​လိုကူညီရမလဲ''

"အန်​ကယ်​ လုပ်​ရမှာက အိုင်​ဗန်​ရဲ့လုပ်​ရပ်​​တွေကို​စောင့်​ကြည့်​​နေဖို့ပဲ။ အခု​လောလောဆယ်​ပြသာနာက အိုင်​ဗန်​ကကျွန်​​တော်​တို့ထက်​အမြဲ​ခြေတစ်​လှမ်းသာ​နေတယ်​။ ကျွန်​​တော်​တို့ဖက်​က သတင်းကိုကြိုရမှဖြစ်​မယ်​''

"ငါဘာလုပ်​ရမလဲ ငါသိပြီ။ စိတ်​ချ တင်းရှန်း ငါဘာမှမဖြစ်​ဘူး''

မနက်​ကတင်းရှန်းနှင့်​​ပြောခဲ့သည့်​ စကားများကိုပြန်​​တွေးပြီး ချန်​အန်းပတ်​လက်​ကုလားထိုင်​တွင်​ထိုင်​လျှက်​ သစ်​သီး​ဖျော်​ရည်​​သောက်​​နေသည်​။ ​ရေကန်​ထဲတွင်​ ​ရေသူထီးတစ်​​ကောင်​ကဲ့သို့လှပစွာကူးခတ်​​နေ​သော ​ရွှေ​ရောင်​ဆံပင်​နှင့်​ အမျိုးသား၏ခန္ဓာကိုယ်​ကကြွက်​သားများက ​နေ​ရောင်​​အောက်​တွင်​​ရွှေအို​ရောင်​ဝင်း​နေသည်​။ စိုစွတ်​​နေသည့်​ဆံပင်​​ရွှေ​ရောင်​များကလည်း​ ​နေ​ရောင်​​ကြောင့်​ မှည့်​ဝင်း​သောဂျူံကမ္မလာသဖွယ်​လှပ​နေ၏။

ဤစင်​ကာပူတွင်​ အ​မှောင်​ထဲ၌ပုန်း​နေသည့်​အင်​တာနယ်​ရှင်​နယ်​များသာမက လုဖုန်းလိုပြိုင်​ဖက်​များကလည်း အိုင်​ဗန့်​ခံတွင်းမှအသားစကိုလုယူရန်​အပြိုင်​​စောင့်​ဆိုင်းလျှက်​ရှိကြသည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now