အခန္​း(၁၁၇) ငြို့ (Uni +Zawgyi)

5.4K 693 85
                                    

အခန်း(၁၁၇)

"မယုံသင်္ကာဖြစ်​​နေ​က တဲ့ဆီးရီးယားစစ်​​သွေးကြွပြည်​သူ​တွေ ​နောက်​ဆုတ်​သွားပါပြီ။ သူတို့ကလူပြိန်းဆို​ပေမယ့်လည်း လက်​နက်​ရဖို့ကျွန်​မတို့အ​ပေါ်မှီခိုရမှာ​တော့သိ​နေကြ​သေးတယ်​။ ကျွန်​မတို့ကိုဆန့်ကျင်​ပြီး သူတို့ဘာမှလုပ်​ရဲမှာမဟုတ်​ဘူး။ ပြီး​တော့ တစ်​ချီထဲနဲ့ဆွဲသုတ်​ခံရမယ့်ဖြစ်​ကိုလည်းသူတို့ခုခံနိုင်​မှာမဟုတ်​ဘူး။ '' သုံးသပ်​ချက်​အပြီး​နောက်​ထိုအမျိူးသမီးက အသံနှိမ့်၍ဆက်​​ပြောလိုက်​သည်​။ ''ယုန်​​လေး​ပြောသလိုပဲ ကျွန်​မတို့ထဲမှာ သူလျှိုတွေရှိ​နေတယ်​''

ခဏကြာပြီး​နောက်​လုဖုန်းက ''သူက ဆီးရီးယားကငါတို့အင်အားကိုသိထားတဲ့အပြင် ပစ္စည်းတွေဘယ်​နားထားလဲ​ပါသိနေတယ်။ ဒီသူလျှိူ​ရဲ့အဆင့်ကမနိမ့်ဘူး''

"​ဘော့စ်​ ဒါအ​ရှေ့ပိုင်းသား​တွေများဖြစ်​​နေမလား။ဆရာအန်း​နောက်​လိုက်​ အ​ရှေ့ပိုင်းကလူတစ်​ချိူ့ ရှိတယ်​။ ဆရာအန်းမရှိ​တော့​ပေမယ့် အဖွဲ့ထဲမှာ ကျန်းအန်းသစ္စာ​တော်​ခံ​တွေရှိ​နေတုန်းပဲ။ သူတို့ပြောနေတာက...'' စကားတစ်​ချိူ့ထပ်​ထွက်​မလာမီ သူမစိတ်​​ပြောင်းလိုက်​ပြီး ''သူတို့က​ဘော့စ်​ရဲ့အခု​နေရာကို အတင်းအဓမ္မသိမ်းယူထားတယ်​ထင်​​နေကြတာ''

"သူတို့ထင်​တာလည်း မမှားပါ​ဘူး​။ ဒီနေရာကငါလုပြီးရလာတာပဲ​လေ'' လုဖုန်းက​အေး​ဆေးစွာပြန်​​ဖြေ၏။

"​ဘော့စ်​ ​နောက်​လိုက်​တစ်​​ယောက်​အ​နေနဲ့ကျွန်​မအများကြီးမ​ပြောသင့်တာနားလည်​ပါတယ်​။ ဒါ​ပေမယ့်ကျွန်​မက ​ဘော့စ်​နဲ့ဆရာအန်း​နောက်​အကြာကြီးလိုက်​ခဲ့သူပါ။ ကျွန်​မက​တော့ ရှင့်ဆီအာဏာလွှဲ​ပြောင်းပေးတာအလိမ်​အညာလို့မထင်​ပါဘူး'' အ​ကြောင်းအရာကဆက်​​ပြောဖို့ရာခက်​ခဲတာ​ကြောင့်အမျိူးသမီးကသက်​ပြင်းချလိုက်​သည်​။ ''ဘယ်​လိုပဲဖြစ်​ဖြစ်​ သစ္စာ​ဖောက်​ကိုအမြန်​ရှာ​တွေ့မှပါ''

ဆီးရီးယားကသူတို့ပင်မအခြေစိုက်ကိုဖျက်ဆီးလိုက်တဲ့ တစ်ဖက်လူရဲ့ရည်ရွယ်ချက်ကဘယ်လိုနေနေ ဒီထိခိုက်မှုကအဖွဲ့အစည်အတွက်ခွင့်လွှတ်စရာမရှိဘူး။ခုလက်ရှိလုဖုန်းအခြေအနေကလည်းမတည်ညိမ်ဘူး။မြေခွေးအိုကြီးချန်ကျန်းအန်းကိုမြှုပ်လိုက်ပြီးတဲ့အချိန်ကတည်းက အဖွဲ့အစည်းကြားမှာ 'လုဖုန်းကချန်ကျန်းအန်းကိုသတ်လိုက်တယ်'ဆိုတဲ့ တီးတိုးစကားကပြန့်နှံ့နေတာအတော်ကြာပြီ။

Rebirth of Chen An【Zaw + uni】Where stories live. Discover now