အခန်း (၁၂၇) ဒါဝဋ်လည်တာပဲ

2.7K 337 17
                                    

အခန်း(၁၂၇) ဒါကဝဋ်လည်တာပဲ

အခုချိန်မှာအချိန်ကအဓိကပဲ။အချိန်ဆွဲလေ အနောက်တိုင်းအုပ်စုရဲ့ပုန်ကန်ဖို့အချိန်ပိုပေးလေဖြစ်နိုင်သွားနိုင်တယ်။ ဒါကြောင့်ချန်အန်းနဲ့ချန်ယန်းတို့ရှန်ဟိုင်းမှာ၂ရက်နေပြီး တစ်ချိန်ကကမ္ဘာ့နံပါတ်၁ကာစီနိုမြို့တော်ကြီးLAဆီပျံသန်းလာခဲ့ကြသည်။လတ်တလောမှာတော့မာကာအိုကနံပါတ်၁နေရာကိုလုယူသွားပါပြီ။
ဒီလိုဆိုပေမယ့်လည်းLAကတော့သူ့ရဲ့အစဥ်အလာအတိုင်းကမ္ဘာ့အကြီးဆုံးTop4 ကာစီနိုမြို့တော်ကြီးတစ်ခုအဖြစ်ငွေဖြုန်းမယ့်သူတွေကိုကြိုနေတုန်းပါပဲ ။ ချန်အန်းတို့ကတော့လောင်းကစားအတွက်လာခဲ့ကြတာမဟုတ်ဘူးပေါ့။

ဟိုတယ်၏ကဖေးတစ်ခုတွင်အမျိူးသားသုံးယောက်ထိုင်နေကြပြီး တစ်ယောက်မှာအရပ်သာဝတ်စုံဝတ်ထားသည့်တင်းရှန်းဖြစ်သည်။ သူ့အနေနဲ့ချန်အန်းနဲ့ပြန်တွေ့ရမယ်လို့မတွေးမိသလို ချန်အန်းဖက်ကလာရှာလိမ့်မည်ဟုလည်းတွေးမထားခဲ့ပေ။

''တင်းရှန်း ငါဆုံးဖြတ်ထားတယ်။ ငါဆက်ပြီးတော့အလာဟသပ်တောမှာအချိန်ဖြုန်းနေလို့မဖြစ်တော့ဘူး။ငါကိုယ့်ငါအသုံးကျအောင်လုပ်ဖို့လိုပြီ။''

အင်တာပိုတွေမှာအဆက်အသွယ်သတင်းအချက်အလက်ဆိုတာသာမန်လူအတွေးနဲ့တောင်မှန်းမကြည့်နိုင်ဘူး။ဒါပေမယ့်တင်းရှန်းကိုအသုံးချဖို့ဆိုရင်အရင်ဆုံးအယုံသွင်းရမည်။ပြီးတော့တင်းရှန်းသူနဲ့အတူအလုပ်လုပ်ဖို့ အကြောင်းပြချက်ကောင်းတစ်ခုလည်းလိုသည်။

သူရဲ့ပြောင်မြောက်တဲ့သရုပ်ဆောင်စကေးကိုသုံးပြီးချန်အန်းတစ်ယောက် တင်းရှန်းကိုနှစ်ပတ်လိမ့်ပစ်လိုက်သည်။ သူအခုအမေရိကကိုလာတာ အရှေ့တောင်အာရှကလူကုန်ကူးမှုကိစ္စတစ်ခုကိုစုံစမ်းပေးဖို့အကူညီတောင်းချင်တဲ့အကြောင်းကိုပြောတော့မထင်မှတ်ဘဲတင်းရှန်းကချက်ချင်းသဘောတူလိုက်သည်။

တင်းရှန်းကိုသိတာလည်းသိသင့်သလောက်အနေထားဆိုတော့ တင်းရှန်းသူ့အပေါ်အကြွေးတင်နေသလိုခံစားနေရတာချန်အန်းနားလည်တယ်လေ။ သူတောင်းတဲ့အကူအညီက တရားဥပဒေကိုမဆန့်ကျင်သ၍ တင်းရှန်းအားတတ်သရောကူညီမှာမလွဲမသွေပဲ။

Rebirth of Chen An【Zaw + uni】Where stories live. Discover now