အခန်း (၉၅) ခင်​များကချန်​ကျန်းအန်း

9.7K 1.2K 46
                                    

အခန်း (၉၅) ခင်​များကချန်​ကျန်းအန်း

"ငါက​မြေ​ခွေးနဲ့တူလို့လား?'' ချန်​အန်း​မေး​ထောက်​ပြီးပြန်​​မေးလိုက်​သည်​။ အပြင်​ပန်းမှာတည်​ညိမ်​​နေ​ပေမယ့်​ တကယ်​တမ်းသူစိတ်​လှုပ်​ရှား​နေသည်​။

ဘယ်​လိုလုပ်​သူက ချန်​ကျန်းအန်းမှန်းအိုင်​ဗန်​သိသွားတာလဲ။ ဒီဝက်​ဝံ​ပေါက်​စက ဘယ်​လိုအစွမ်းအစနဲ့မတူတဲ့လူနှစ်​​ယောက်​ကိုဆက်​စပ်​မိသွားတာလဲ။

အိုင်​ဗန်​ပြုံးလိုက်​သည်​။ ဒီ​မြေ​ခွေးအိုသူနဲ့လာပြီး ထိုက်​ကျိကစား​နေတာလား?ဒါ​ပေမယ့်​လည်းနှ​မြောစရာပဲ သူ့အ​နေနဲ့ချန်​အန်းရဲ့အဓိကအားနည်းချက်​ကိုမသိ​ပေမယ့်​ ချန်​ကျန်းအန်းရဲ့အားနည်းချက်​ကို​တော့အတပ်​သိတယ်​​လေ။
[Note - ထိုက်​ကျိ သိုင်းပညာက ရင်းရန်​သ​ဘောရှိပြီး နူးညံ့ညင်​သာကာ အပြန်​အလှန်​လှည့်​ပတ်​စီးဆင်း​နေသည်​။]

"မင်းသိလား ကိုယ့်​မှာအရင်​ကချန်​ကျန်းအန်းဆိုတဲ့ ပြိုင်​ဖက်​ရှိခဲ့ဖူးတယ်​။ ​ဘေဘီ သူက ကိုယ့်​ကိုမင်းယူသွားတဲ့ပိုက်​ဆံ​တွေထက်​များတဲ့ပမာဏ​တွေ ဆုံး​အောင်​လုပ်​ခဲ့ဖူးတယ်​။ ဒါ​ကြောင့်​လက်​တုန့်​ပြန်​ဖို့ သူ့အုတ်​ဂူကို​ရော သူ့ညီအုတ်​ဂူကိုပါ ပြန်​တူးဖို့ဆုံးဖြတ်​လိုက်​တယ်​''

ချန်​အန်း ပါးစပ်​ထဲကအသားစကိုခပ်​တင်းတင်းကိုက်​ထားမိပြီး အိုင်​ဗန်​ကိုစူးစူးစိုက်​စိုက်​ကြည့်​လိုက်​သည်​။

"ဒါလုံးဝကိုယ့်​ကျင့်​သိက္ခာမရှိတာပဲ'' ချန်​အန်းရုတ်​တရပ်​ စားချင်​စိတ်​မရှိ​တော့။ သူခရင်းနဲ့ဓားကိုချပြီး လက်​သုတ်​ပဝါနဲ့ပါးစပ်​သုတ်​ကာ အိုင်​ဗန်​ကို​မှေးကြည့်​လိုက်​သည်​။

"ကိုယ့်​ကျင့်​သိက္ခာမရှိတဲ့အလုပ်​မျိုး​တွေဆိုတာ ကိုယ်​အများကြီးလုပ်​ခဲ့ဖူးပြီးပြီ။နည်းနည်း​လေးထပ်​လုပ်​ရုံနဲ့ ဘာမှထူးမခြားနားသွားဘူး'' သူ ချန်​အန်းရဲ့သည်းခံနိုင်​စွမ်းဆက်​​စောင့်​ကြည့်​လိုက်​သည်​။ အဲ့ဒီ​နောက်​လက်​​ဝှေ့ ရမ်းပြီး ''ငါ့ကိုဖုန်း​ပေးစမ်း''

Rebirth of Chen An【Zaw + uni】Where stories live. Discover now