အခန်း(၄၈) ဦး​လေးက​ရေခဲဂူကြီးဆို ကျွန်​​တော်​ကမီးဖို

10.6K 1.5K 88
                                    

အခန်း(၄၈) ဦး​လေးက​ရေခဲဂူကြီးဆို ကျွန်​​တော်​ကမီးဖို

ကိစ္စများပြီးဆုံးသွားပြီး​နောက်​ နှစ်​ဦးသား ကား​နောက်​ခန်းတွင်​ဝင်​ထိုင်​လျှက်​ထို​နေရာမှထွက်​သွားကြသည်​။ ကား​နောက်​ခန်းနှင့်​​ရှေ့ခန်းကြားတွင်​ အသံလုံနံရံကာထားသည့်​ ​နောက်​ခန်းတွင်​သူတို့​ပြော​နေသည်​ကိုဒရိုင်​ဘာ မကြားနိုင်​​ပေ။

ချန်​အန်း​ကျောမှီလျှက်​တိတ်​ဆိတ်​စွာထိုင်​​နေရာက ချန်​ယန်းကို​မေးလိုက်​သည်​။
"ငါလုပ်​တာအရမ်းလွန်​တယ်​လို့ မင်းထင်​လား?''

"သူတို့က ဦး​လေးကိုအရင်​ထိခိုက်​ခဲ့ကြတာ။ အခုလိုလုပ်​တာ ဦး​လေးမလွန်​ပါဘူး ကျွန်​​တော်​နားမလည်​တာက....'' ချန်​ယန်းသူ့နံ​ဘေးမှာချန်​အန်းကိုကြည့်​လိုက်​ပြီး ''ဦး​လေး ဘာလို့လျူ​ရှောင်​ကျဲ့ကိုမသတ်​လိုက်​တာလဲ''

ချန်​အန်း၊ လျူ​ရှောင်​ကျဲ့ကို ဖိနပ်​ထိပ်​နဲ့​မေးကိုမ,လိုက်​တဲ့အချိန်​ ချန်​ယန်းတကယ်​ကိုလျူ​ရှောင်​ကျဲ့​နေရာ ​နေချင်​မိသွားသည်​။ သူရူးပဲ​နေပြီလား? ဒါမှမဟုတ်​ နှာဗူးများဖြစ်​​နေပြီလားမသိ​တော့။

ချန်​ယန်း၏စကားတို့က ချန်​အန်းကိုအနည်းငယ်​အံ့သြသွား​စေသည်​။ သူ့စိတ်​ထဲတွင်​ကား ချန်​ယန်းသည်​ အ​ကောင်းမြင်​တတ်​သည့်​ ယုန်​ဖြူ​လေးသဖွယ်​ ချစ်​စရာ​ကောင်း​သော၊ အနည်းငယ်​အူတူတူနိုင်​​သော ခပ်​​ချော​ချော​ကောင်​​လေးအဖြစ်​သာရှိ​နေ​သေးသည်​။ သူ့အခုလိုလုပ်​​နေသည့်​ကိစ္စများကို ချန်​ယန်း အ​နေနဲ့ အရမ်းလွန်​လွန်းတယ်​၊လက်​မခံနိုင်​စရာကိစ္စဖြစ်​​နေမယ်​လို့ထင်​ထားခဲ့တာ။ ဒီ​ကောင်​​လေးအခုလိုစကားမျိုး​ပြောလာလိမ့်​မည်​ဟုသူမထင်​ခဲ့​ပေ။

သူအခုလိုသွား​လေရာချန်​ယန်းကို​ခေါ်သွားတာကလည်း ပထမအကြိမ်​စာ​မေးပွဲစစ်​ပြီးကတည်းက ချန်​ယန်းမှာသူမတူတဲ့ပါရမီမျိုးပိုင်​ဆိုင်​ထားသည်​ကိုမြင်​လိုက်​​သော​ကြောင့်​ဖြစ်​သည်​။အထူးသဖြင့်​လက်​နက်​နှင့်​ပတ်​သက်​ပြီး သူ​မျှော်​လင့်​ထားသည်​ထက်​ ပိုပြီးအရည်​အချင်းရှိသည်​ကိုအံ့သြစွာ​တွေ့ရသည်​။ Shooting Clubတွင်​လအ​တော်​ကြာ​လေ့ကျင့်​ပြီး​နောက်​ ချန်​ယန်း​သေနတ်​​ကောင်း​ကောင်းပစ်​နိုင်​တဲ့အဆင့်​​ရောက်​​နေပြီ။ ဒါတင်​မက​သေး သူ့ရဲ့ international အ​ပေါ်အမြင်​များနှင့်​အ​တွေးအ​ခေါ်ကလည်း သာလွန်​ထူးခြားသည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now