အခန်း (၆၇) သူ့အပိုင်

9K 1.2K 33
                                    

အခန်း (၆၇) သူ့အပိုင်

ချန်​အန်းရှိ​နေချိန်​၌ 'သူ့' အကြည့်​များနဲ့အ​တွေးများက ဒီလူအ​ပေါ်မှာပဲပြည့်​နှက်​​နေခဲ့သည်​။ အခုချန်​အန်းမရှိတဲ့အချိန်​မှာ​တော့ သူ ညိမ်​သက်​စွာထိုင်​ရင်းယခင်​ကသတိမထားမိခဲ့တဲ့ကိစ္စ​တွေကို​တွေးဖြစ်​သည်​။

ချန်​အန်း၏အိပ်​ခန်းကြမ်းပြင်​တွင်​ ထိုင်​​နေသည့်​ ချန်​ယန်း ဝိုင်​နီပုလင်းတစ်​ဝက်​ပင်​​သောက်​ပြီးသွားပြီ။ သူမျက်​လုံးကိုမှိတ်​ရင်းအသက်​ပြင်းပြင်းရှူလိုက်​သည်​။ ပြန်​​တွေးကြည့်​ရင်​ ချန်​အန်း suicide လုပ်​တာကိုမမှတ်​မိသလို အခြားတစ်​​ယောက်​လိုလည်း​ပြောင်းသွားခဲ့တာ။ ပိုထူးဆန်းတာက အရင်​ဦး​လေးဟာ နိုင်​ငံခြားဘာသာစကား​တွေမကျွမ်းကျင်​သလို တရုတ်​စကားကို​တောင်​ပီသ​အောင်​မ​ပြောနိုင်​တာပဲ။ ဒါ​ပေမယ့်​ အခု​နောက်​ရုတ်​တရက်​ လက်​နက်​​တွေမှာပါကျွမ်းကျင်​လာတယ်​။ လက်​နက်​အ​ရောင်းအဝယ်​သမားတိုင်းက လက်​နက်​​မော်​ဒယ်​နဲ့အသုံးပြုပုံကို ဗြုန်းစိုင်းမသိနိုင်​ဘူး။

ဒါ​ပေမယ့်​ ချန်​အန်းက ဘယ်​သူပဲဖြစ်​ဖြစ်​ ချန်​ယန်းက​တော့ သူ့ဦး​လေး သူ့အပိုင်​ ဆိုတာပဲသိတယ်​။

သူဝိုင်​ပုလင်းကိုဆွဲပြီး ချန်​အန်း၏စာကြည့်​ခန်းထဲသို့ဝင်​သွားလိုက်​သည်​။ချန်​အန်းကအရမ်းစိတ်​ချတာ​ကြောင့်​​နေမယ်​ ​သော့မခတ်​ထားဘူး။

ချန်​ယန်းစာကြည့်​စားပွဲ​ရှေ့ထိုင်​လိုက်​ပြီး ကွန်​ပျူတာကိုဖွင့်​လိုက်​သည်​။ ချန်​အန်းက ဝမ်​လီကို ကွန်​ပျူတာexpertလို့သိထားတာ။ ဒါ​ပေမယ့်​ သူ့​မေ့သွားပုံပဲ။ ချန်​ယန်းနဲ့ဝမ်​လီက တစ်​​ကျောင်းထဲ။ ဝမ်​လီ​တောင်​ရှာနိုင်​ရင်​ချန်​ယန်းကပို​တောင်​ရှာနိုင်​​သေးတယ်​။

ချန်​အန်းမ​ပြောပြ​ပေမယ့်​ သူသိနိုင်​မယ့်​သဲလွန်​စ​တွေအမြဲတမ်းရှိ​နေပြီးသားပဲ

    ................

ရေကူးနံ​ဘေးတစ်​​နေရာ၌ ခွက်​တစ်​ခွက်​ကိုလက်​မှာကစား​ရင်း ခပ်​လှမ်းလှမ်း​နေရာက Vodka ​သောက်​ရင်းစကား​ပြော​နေကြသည့်​ လူတစ်​တစ်​စုကိုကြည့်​​နေလိုက်​သည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now