အခန်း(၄)အိမ်​သို့

16.6K 2.2K 70
                                    

"ဦး​လေး ​တော့ ကျွန်​​တော်​နဲ့သည်းခံပြီး​နေရ​တော့မှာပဲ''

ချန်​ယန်းကသူ၏​ခေါင်းကိုရှက်​ကိုးရှက်​ကန်းဟန်​ဖြင့်​ကုပ်​၏။သူ၏ဤအမူအရာ​လေးကပင်​သူ၏ဖြူစင်​ရိုးသားမှုကို​ဖော်​ပြ​နေသည်​။
ချန်​ယန်းက သူ့ရဲ့ခရီး​ဆောင်​အိတ်​ကိုတိုက်​ခန်း​ဟောင်းဆီသယ်​​ဆောင်​သွားစဉ်​ ချန်​အန်းက​နောက်​ကလိုက်​ရင်းစိတ်​ထဲ၌ မြင်​သမျှအရာစတင်​ပြစ်​တင်​ရှုံ့ ချ​လေသည်​။လှေကားလက်​ရမ်း​တွေကသံ​ချေးတက်​​နေပြီ။ ဒီအ​ဆောက်​အအုံကအနည်းဆုံးအနှစ်​၂၀​ကျော်​​လောက်​ပြီ။ သမိုင်းဝင်​ပစ္စည်းအဖြစ်​ထားရင်​​တောင်​ရ​လောက်​​နေပြီ။
လေးလွှာကို​ရောက်​​တော့ ချန်​ယန်းကအခန်းတစ်​ခု​ရှေ့ရပ်​ပြီး​သော့ဖွင့်​လိုက်​သည်​။ အခန်းလုံခြုံ​ရေးစနစ်​ကနားထဲသို့ခပ်​စူးစူးဝင်​​ရောက်​လာပြီးတံခါးပွင့်​သွားသည်​။ တိုက်​ခန်းကို​ဝေ့ကြည့်​​တော့ ချန်​အန်းမျက်​လုံးထဲတွင်​ Manhattan မှာရှိတဲ့သူ့​ရေချိုးခန်း​လောက်​​တောင်​မကြီး​ပေ။ အိပ်​ခန်းတစ်​ခန်းနှင့်​ ​ရေချိုးခန်း၊မီးဖို​ချောင်​နှင့်​အိမ်​သာတို့မှာလည်း တစ်​ခုစီသာရှိ၏။ ချန်​ယန်းတစ်​​ယောက်​ထဲ​နေသည်​မှာသိသာလွန်းသည်​။ သူ့အခန်းကကုတင်​တစ်​ခုသာထည့်​လို့ရပြီး စာအုပ်​စင်​နဲ့စားပွဲခုံဟာလည်းစာအုပ်​များနှင့်​သာပြည့်​​နေသည်​။ အဝတ်​ဗီရိုထဲတွင်​​တော့ အဝတ်​များကိုသပ်​ရပ်​စွာ စီထားသည်​။

"ဦး​လေး ကျွန်​​တော်​အတန်းတက်​ရအုန်းမယ်​။ ဒါကအိမ်​​သော့။ ​ရေခဲ​သေတ္တာထဲမှာစားစရာရှိတယ်​။ ပျင်းရင်းအပျင်း​လျှောက်​သွားလို့လည်းရတယ်​။ ကျွန်​​တော်​​နေ့လည်​ကျပြန်​လာပြီး​နေ့လယ်​စာလုပ်​​ပေးမယ်​''

ခရီး​ဆောင်​အိတ်​ကိုနံရံ​ဘေးမှာကပ်​ပြီး လက်​ပတ်​နာရီကိုကြည့်​လျှက်​ ချန်​ယန်းခပ်​သုတ်​သုတ်​ပြန်​ထွက်​သွားသည်​။
ချန်​အန်းတိုက်​ခန်းကို ​စေ့​စေ့စပ်​စပ်​ လိုက်​ကြည့်​မိသည်​။ ဒီ​နေရာကအရမ်းကိုသန့်​ရှင်းပြီးရိုးရှင်း​နေတယ်​။ စီးကရက်​ အတိုအစ​တွေဆိုတာလည်းမရှိဘူး။ သူပြတင်း​ပေါက်​ကိုဖွင့်​ပြီး ​ကျောင်းပြန်​သွားတဲ့ ချန်​ယန်းကို ကြည့်​လိုက်​သည်​။ ဒီ တူ​လေး နဲ့ပတ်​သက်​ပြီးချန်​အန်းသိပ်​မစဉ်းစားထားဘူး။ သူပုံစံကခပ်​တုံးတုံးဆို​ပေမယ့်​လူကြီးကိုရို​သေရ​ကောင်းမှန်း​တော့သိတယ်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now