အခန်း (၁၆၂) မှတ်လောက်သားလောက်ပါစေ

1.2K 127 10
                                    

အခန်း (၁၆၂) မှတ်လောက်သားလောက်ပါစေ

Red Fox နှင့် ဝမ်လီဦးဆောင်လာသည့်အဖွဲ့ကဆိုင်အတွင်းသို့ခပ်သွက်သွက်ပြေးဝင်လာကြပြီးစကားတစ်ခွန်းမဆိုဘဲ အကုန်လုံးကိုရိုက်ခွဲပစ်လိုက်ကြသည်။ ဆူညံသောအသံများကြောင့်မကြားနိုင်သော dance floor ကလူများကမကြားရသော်လည်း ဘားတွင်းရှိနေကြသူများကတော့ကြောက်လန့်တကြားအော်ဟစ်ကာ ကြမ်းပေါ်တွင်ဝပ်သူကဝပ်ပြေးသူကပြေးနေကြသည်။သတိထားမိတဲ့အချိန်အကုန်လုံးကပုရွက်အုံကွဲသလိုထွက်ပြေးကုန်ပြီး ကလပ်ပိုင်ဂိုဏ်းဝင်များကလည်း ရရာလက်နက်ဆွဲကာရန်ပွဲနွှဲရန်ထလာကြသည်။

လေ့ကျင့်ရေးဆင်းထားသည့်ချန်ယန်းနှင့်လုဖုန်းက ရှေ့တွင်ရပ်ကာ ပါချီပါချက်လူမိုက်တစ်သိုက်ကိုအသာလေးပင် မှောက်သိပ်ပေးလိုက်သည်။
အတွေ့အကြုံရှိလေ့ကျင့်ရေးအစောင့်အရှောက်
များနှင့်လမ်းဘေးကလေကချေတို့၏ လက်ရုံးကယှဥ်၍မရ။ သိုင်းဇာတ်လမ်းထဲကဇာတ်ဝင်ခန်းတစ်ခုသဖွယ် မိနစ်ပိုင်းအတွင်းလူမိုက်များအကုန်လုံးလဲကျကုန်သည်။ ထိုမြင်ကွင်းကိုကြည့်ခြင်းအားဖြင့် ဘလိုင်းကြီးလာအနိုင်ကျင့်သူများကသာမန်လူမဟုတ်ကြောင့်သဘောပေါက်နိုင်သည်။

ထိုအချိန်ဝတ်စုံကိုဖြစ်သလိုဝတ်ထားသည် လူတစ်ယောက်ကခပ်သွက်သွက်ထွက်လာသည်။ သူ့မျက်နှာတွင်ဓားဒဏ်ရာရှိပြီး ခပ်ကြွားကြွားဟန်နှင့်ကြည့်လိုက်သည်နှင့်ရှိန်စရာဟန်ကိုပိုင်ဆိုင်ထားသည်။ထိုသူက ကလပ်၏မန်နေဂျာ လီစန်းဆိုသူပင်။ သူတောင်မှ ဒီဝတ်စုံနက်သူတွေကိုရှိန်သွားရသည်။ ထိုကြောင့် လူမိုက်များကိုရပ်ဖို့အော်ဟစ်ပြီး သီချင်းကိုပိတ်လိုက်သည်။

'' ညီအစ်ကိုတို့...ဘာကိစ္စများလဲ။ ကိစ္စရှိရင်ကျူပ်ကိုပြောပါ ပစ္စည်းတွေရိုက်ခွဲတာက အဖြေဘယ်ရပါ့မလဲ။ကျူပ်နာမည်ကလီစန်း ဒီကအစ်ကိုကိုရောဘယ်လိုခေါ်ရမလဲ''

ဒီလူတွေထဲမှာဘယ်သူကခေါင်းဆောင်လဲဆိုတာခန့်မှန်းဖို့မခက်လှပေ။ ဘုရင်ကြီးတစ်ပါးလိုကုလားထိုင်မှာအေးဆေးထိုင်ပြီး မီးခိုဝေအောင်ဆေးလိပ်ကိုသောက်နေသည့်ချန်အန်း၏ ဖီးနစ်ငှက်သဏ္ဍန်မျက်ဝန်းတစ်စုံကကြည့်မိသူကိုစိတ်နှလုံးတုန်လှုပ်သွားစေနိုင်သည်။ ဤလူက အေးဆေးသက်သာပြီးအာဏာချူပ်ကိုင်ထားသည့်လူပင်။

Rebirth of Chen An【Zaw + uni】Där berättelser lever. Upptäck nu