အခန်း(၈၇) ​လေထန်​ည 《 End of book - I》

9.9K 1.3K 209
                                    

အခန်း(၈၇) ​လေထန်​ည

"​တွေ့တယ်​။ ဦး​လေး​ပြောသလိုပဲ အဲ့လူကလည်း​သောက်​ရတာအရမ်းကြိုက်​တယ်​။သူ့ရဲ့လက်​နက်​အ​ရောင်းအဝယ်​အ​တွေ့အကြုံက၁၀​ကျော်​​လောက်​ရှိပြီး အရင်​က​​လောင်​ဟူ (မြေ​ခွေးအို)ရဲ့လက်​​ထောက်​ဖြစ်​ခဲ့ဖူးတယ်​လို့​ပြောတယ်​။ ဒါ​ပေမယ့်​​နောက်​ပိုင်းလုဖုန်းလက်​ထက်​မှာ​တော့ ​တောင်​အာဖရိကဆီကိုအပို့ခံလိုက်​ရတယ်​''

အ​ဝေးကိုအ​တွေးလွင့်​ပြီး​ငေး​မော​တွေ​ဝေ​နေတဲ့လူကို ချန်​ယန်းကြည့်​ရင်း အမြတ်​တနိုးပြုံးကာ​လျှောကျ​နေသည့်​ ကုတ်​အင်္ကျီကိုချန်​အန်းပုခုံး​ပေါ်ပြန်​တင်​​ပေးပြီးဆက်​​ပြောလိုက်​သည်​။ ''တစ်​ချို့လူ​တွေကစကား​ပြောရတာခက်​​ပေမယ့်​ ဦး​လေး​ပြောသလို​သောက်​ဖို့ဖိတ်​​တော့ သူကလိုလိုလားလားစကား​ပြောလာတယ်​''

"အရက်​ဂျိုးဖြစ်​ခဲ့ဖူးတဲ့လူတစ်​​ယောက်​အ​နေနဲ့....'' ရုတ်​တရပ်​လွှတ်​ခနဲထွက်​သွားတဲ့ စကား​ကြောင့်​ချန်​အန်းခဏ​လောက်​ရပ်​လိုက်​သည်​။ သူချန်​ယန်းကို သူ့အတိတ်​အ​ကြောင်း​ပြောမိ​တော့မလို့။ ဒါ​ပေမယ့်​ ချန်​ယန်းဖက်​ကအ​ထွေအထူးအမူအရာမ​တွေ့တာ​ကြောင့်​ သူစိတ်​​အေးသွားပြီး စကားဆက်​လိုက်​သည်​။

"အခုအဲ့ဒီအရက်​သမားကလုဖုန်းအသုံးမပြု​တော့ဘူးဆို​တော့ အငြိမ်းစားရသွားတဲ့သ​ဘောပဲ။ ဒါ​ပေမယ့်​သူကအ​တွေ့အကြုံရင့်​တယ်​ ပြီး​တော့အ​ရှေ့အလယ်​ပိုင်း​ဒေသနဲ့လည်းရင်းနှီးတယ်​။ အ​ရှေ့အလယ်​ပိုင်းလုပ်​ငန်း​တွေမှာသူ့ကိုမင်းတာဝန်​​ပေးလို့ရတယ်​''

"ဒါ​ပေမယ့်​ ဦး​လေး သူကလုဖုန်းရဲ့လူ​ဟောင်းပဲ။ ကျွန်​​တော်​တို့ကိုသစ္စာမ​ဖောက်​နိုင်​ဘူးလား''

"မင်းစိတ်​ချပါ လုဖုန်းကသူမသင်္ကာတဲ့လူဆိုဘယ်​​တော့မှမသုံးဘူး''

ဘာလို့ဆိုအရက်​သမား​တွေက လူတစ်​​ယောက်​ကိုယုံရင်​စုံလုံးကန်းတတ်​တယ်​​လေ။ [TN -အင်​ 😶 ]

မျက်​နှာချင်းဆိုင်​မှ အ​ဆောက်​အဦများ၏အလင်းပြန်​​နေ​သော ရှန့်​ကျန့်​မြစ်​သည်​ မှုန်​ဝါးဝါးအလင်းရိပ်​က​လေးများလှုပ်​ခတ်​​နေသည်​။ ထိုအရိပ်​များက တလှုပ်​လှုပ်​နဲ့​ဝေ​ဝေဝါးဝါးဖြစ်​​နေသည်​။ ချန်​အန်းသက်​ပြင်းချလိုက်​သည်​။ ကြည့်​ရတာ သူမူး​နေပြီထင်​ပါတယ်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now