အခန်း(၅၀) ယူကရိန်းသို့

10K 1.3K 43
                                    

အခန်း(၅၀) ယူကရိန်းသို့

ယူကရိန်းကိုသွားမှာလက်​နက်​သွား​ရောင်းဖို့လားဆိုရင်​​တော့ ​သေချာ​ပေါက်​မဟုတ်​ဘူး​ပေါ့။ ယူကရိန်းဟာ ယခင်​ဆိုဗီယက်​ပြည်​​ထောင်​စုကချန်​ထားခဲ့တဲ့လက်​နက်​ခဲယမ်းအ​မြောက်​အများရှိတဲ့နိုင်​ငံတစ်​ခု။ ဒီနိုင်​ငံ​တွေက အရင်​ကတည်းကလက်​နက်​​တွေ​ရောင်း​နေတယ်​ဆို​ပေမယ့်​လည်း ယူကရိန်း​မှာ​တော့လက်​နက်​ ပြတ်​လပ်​သွားရယ်​လို့မရှိဘူး။

သူတို့ကချန်​အန်းအတွက်​ဘာလုပ်​​ပေးနိုင်​မှာလဲဆို​တော့ လွယ်​ပါတယ်​ လက်​နက်​ဝယ်​ဖို့​ပေါ့။ ချန်​ကျန်းအန်း ဘဝကသူယူကရိန်းမှာသိပ်​ပြီးမလှုပ်​ရှား​ပေမယ့်​ ဒီတစ်​ခါမှာ​တော့ သူ့ရဲ့အရင်​အဆက်​အသွယ်​​တွေကိုအသုံးချပြီး ယူကရိန်းနဲ့ဆက်​သွယ်​​တော့မည်​။

အရင်​လူ​တွေကအခုချန်​အန်းကိုမသိနိုင်​​ပေမယ့်​ ချန်​အန်းကသာစစ်​တပ်​နဲ့ဘယ်​လိုဆက်​သွယ်​ရမလဲဆိုတာသိရင်​အလုပ်​ဖြစ်​ပြီ။လူကိုမသိရင်​​နေ ​ငွေကို​တော့ဘယ်​သူမှမသိပဲမ​နေဘူးမလား။ လက်​တ​လောမှာဆူပူ​သောင်းကျန်း​နေတဲ့ယူကရိန်းမြို့​တော်​ Kiev ကို​ရှောင်​ပြီး ချန်​အန်းတို့ ယူကရိန်းအ​နောက်​ဖက်​ပိုင်းကိုဆက်​သွားလိုက်​ကြသည်​။

"ယူကရိန်​က​ယေဘုယျအားဖြင့်​ အ​ရှေ့နဲ့အ​နောက်​ပိုင်းထားတယ်​။ အ​ရှေ့ယူကရိန်းကအရင်​ဆိုဗီယက်​​ခေတ်​ကချန်​ထားခဲ့တဲ့စက်​မှုလုပ်​ငန်း​တွေအ​မြောက်​အများရှိတဲ့အပြင်​ရုရှားရဲ့လွှမ်းမိုးခြင်းခံရလို့အဲ့ကလူ​တွေကရုရှားစကားကိုပဲ​ပြောကြတယ်​။အ​နောက်​ကယူကရိန်းက​တော့ ယူကရိန်းဘာသာစကားကိုပဲ​ပြောကြတယ်​။ အ​ရှေ့ယူကရိန်းသား​တွေက ဆန့်​ကျင်​​နေကြတဲ့အချိန်​​ အ​နောက်​ယူကရိန်းသား​တွေက​တော့ ဥ​ရောပနဲ့အ​မေရိကန်​​တွေကိုဆက်​သွယ်​ချင်​ကြတယ်​'' ကား​ပေါ်မှာထိုင်​ရင်​ လုပ်​စရာအ​ထွေအထူးမရှိ​တော့ ချန်​အန်း ၊ ချန်​ယန်းကိုယူကရိန်းအ​ကြောင်းအနည်းငယ်​​ပြောပြဖြစ်​သည်​။

"ယူကရိန်းသား​တွေက US ကိုဆန့်​ကျင်​ကြတယ်​ဆို​ပေမယ့်​လည်း အခုUS က သူတို့ကို အင်​အားသုံးပြီးပြန်​နှိပ်​ကွပ်​ထားတယ်​။ စစ်​တပ်​​တွေနဲ့ဒုက္ခသည်​​တွေ ကျူး​ကျော်​ဝင်​​ရောက်​​နေတာ​တွေ ၊ ပြည်​တွင်း​ရေးရုန်းရင်းဆန်​ခတ်​မှု​တွေကအခုသူတို့ထိန်းချူပ်​လို့ရတဲ့အ​နေအထားမှာမရှိ​တော့ဘူး။ရုရှားရဲ့ဖိအားနဲ့ပါထည့်​​ပေါင်းရင်​ သူတို့အတွင်း​ရေးကလုံးဝကိုရှုပ်​​ထွေးပြီး ပရမ်းပတာဖြစ်​​နေပြီ။ ဒီလိုအချိန်​မျိုးကငါတို့အတွက်​​တော့လှုပ်​ရှားဖို့အ​ကောင်းဆုံးအချိန်​ပဲ။''

Rebirth of Chen An【Zaw + uni】Where stories live. Discover now