အခန်း (၂၅) အထင်​လွဲ​အောင်​လုပ်​ခြင်း

11.5K 1.6K 18
                                    

အခန်း (၂၅) အထင်​လွဲ​အောင်​လုပ်​ခြင်း

အိုင်​ဗန်​ကကုတင်​​ပေါ်မှာလဲ​လျောင်းလျှက်​TVကြည့်​ရင်​သီချင်းညည်း​နေ၏။ တစ်​ပြိုင်​နက်​ထဲမှာပဲ​ရေချိုးခန်းထဲကို​ရေကျသံကိုလည်းနား​ထောင်​​နေ​သေးသည်​။ ထို့​နောက်​မျက်​ဝန်းအကြည့်​တို့ကရှုပ်​​ထွေးလာပြီး အခန်းထဲတွင်​လမ်း​လျှောက်​​နေ​တော့သည်​။ ချန်​အန်းလို့​ခေါ်တဲ့လူက ပထမသူ့အိပ်​ရာ​ပေါ်မှာအိပ်​တယ်​ ပြီး​တော့​ရေချိုးခန်းကိုလည်းသုံးတယ်​။ ဒီလိုအ​တွေးမျိုးအ​စောကမ​တွေးမိဘူး။
ပြီး​တော့သူကပဲ မူး​နေတဲ့ချန်​အန်းကိုသူ့အခန်းထဲ​ခေါ်လာခဲ့တယ်​။ ချန်​အန်းရဲ့ကိုယ်​ပိုင်​အခန်းကိုလူလွှတ် ​မပို့ခိုင်းပဲနဲ့။ လမ်း​လျှောက်​​နေရင်းကအိုင်​ဗန်​မျက်​လုံး​ထောင့်​ကချန်​အန်းရဲ့အိတ်​ဆီအကြည့်​​ရောက်​သွားသည်​။ သူ​ရေချိုးခန်းကိုတစ်​ချက်​ကြည့်​လိုက်​ပြီး အိတ်​ဆီကို​လျှောက်​သွားလိုက်​သည်​။ ထို့​နောက်​ အိတ်​၏​ဇစ်​ကိုဖွင့်​လိုက်​သည်​။
အထဲမှာ LSR ကင်​မရာတစ်​လုံးရယ်​၊ ပိုက်​ဆံအိတ်​ရယ်​ ​နောက်​အိတ်​အ​သေးတစ်​လုံးရယ်​ရှိ​နေတယ်​။ အိုင်​ဗန်​ထိုအိတ်​ကိုဖွင့်​ကြည့်​မလိုပဲရှိ​သေး တဂျီဂျီမြည်​​နေသည့်​အသံကိုကြားလိုက်​ရသည်​။ အိုင်​ဗန်​လက်​ထဲကအထုတ်​ကိုအိတ်​ထဲ ပြန်​ထည့်​လိုက်​ပြီး အသံလာရာကိုလိုက်​ရှာလိုက်​သည်​။ ထိုအသံလာကဖုန်းမြည်​သံဖြစ်​သည်​။

"ချန်​ယန်း?'' ဖုန်း screen​ပေါ်မှာ​ပေါ်​နေသည့်​ တရုတ်​စာလုံးတို့ကို အိုင်​ဗန်​နားလည်​သည်​။
တဂျီဂျီမြည်​သံကရပ်​မည့်​ပုံမ​ပေါက်​တာ​ကြောင့်​ အိုင်​ဗန်​လက်​​ချောင်းတို့က ဖုန်းစခရင်​ကိုဖြည်းဖြည်းချင်းထိလိုက်​၏။ သူစကား​တောင်​မ​ပြောရ​သေးခင်​မှာပဲ တစ်​ဖက်​ကစိတ်​ပူ​နေတဲ့အသံနဲ့လူငယ်​​လေးတစ်​​ယောက်​၏အသံကိုကြားလိုက်​သည်​။

"ဦး​လေးအခု board​ပေါ်မှာလား။ ကျွန်​​တော်​တစ်​​နေ့လုံး​ခေါ်​နေတာ ဘာလို့ဖုန်းမကိုင်​တာလဲ။ အဆင်​​ပြေရဲ့လား''

မရပ်​မနား​ပြောသွားသည့်​စကားလုံးတို့ကစိုးရိမ်​ပူပန်​​နေသည်​မှာအထင်​သားပင်​၊၊အိုင်​ဗန်​ရယ်​မိ​တော့မလို့ သူ့မျက်​လုံးထဲကညစ်​ကျယ်​ကျယ်​အရိပ်​အ​ယောင်​​ပေါ်လာပြီးပီသ​သောတရုတ်​​လေသံဖြင့်​ပြန်​​ဖြေလိုက်​သည်​။
"မင်းချန်​အန်းကိုရှာ​နေတာလား။သူအခု​ရေချိုး​နေလို့ဖုန်းမ​ဖြေနိုင်​ဘူး။ ကိစ္စရှိရင်​ မင်းငါ့ကို​ပြောနိုင်​တယ်​။''

Rebirth of Chen An【Zaw + uni】Where stories live. Discover now