အခန်း(၂၀) Tiger King

12.3K 1.7K 42
                                    

အခန်း(၂၀) Tiger King

လက်​နက်​ပစ္စည်းကိုပထမဦးဆုံးကိုင်​တွယ်​ဖူးတဲ့သူအ​နေနဲ့ဆိုရင်​ အိပ်​ကပ်​ထဲကျည်​ဆန်​တစ်​​ထောင့်​ရှိ​နေရင်​​တောင်​​ကြောက်​ပြီး​ချွေးပြန်​​နေမှာ။ ဒါ​ပေမယ့်​အ​တွေ့အကြုံရင့်​ကျတ်​ပြီးသားလက်​နက်​ရာဇာတစ်​​ယောက်​အတွက်​​တော့ လက်​နက်​​သေတ္တာအပြည့်​တင်​ထားတဲ့ကားကို​တောင်​​အေး​အေး​ဆေး​ဆေး​မောင်းနိုင်​တယ်​။
ချန်​အန်းသူ့ရဲ့ပထမဦးဆုံးအ​တွေ့အကြုံကိုပြန်​စဉ်းစားမိသည်​။ အက်​ဆီးဒင့်​တစ်​ခုမှာမိဘနှစ်​ပါးလုံးဆုံးရှုံးသွားပြီး​တော့ သူနဲ့သူ့ညီ​လေးကိုနိုင်​ငံခြားကစုံတွဲတစ်​တွဲက​မွေးစားဖို့​ခေါ်သွားခဲ့တယ်​။ ဒါ​ပေမယ့်​သူစိမ်းနယ်​​မြေမှာမှီခို​နေထိုင်​​နေရ​တာက​နွေး​ထွေးတဲ့မိသားစုတစ်​ခု​တော့မပိုင်​ဆိုင်​ခဲ့ဘူး။ သူတို့​မွေးစားမိဘ​တွေကသူတို့ကို​ကောင်း​ကောင်းမဆက်​ဆံခဲ့ဘူး။ အထုအ​ထောင်း၊အဆဲအဆိုမျိုးစုံကိုသည်းခံခဲ့ပြီး တစ်​​နေ့​တော့ ချန်​အန်း ထိုစက်​ဆုပ်​ဖွယ်​​ကောင်းသည့်​လူနှစ်​ဦးကိုပြင်းပြင်းထန်​ထန်​ပြန်​လည်​ရိုက်​နှက်​ပြီး ညီငယ်​လက်​ကိုဆွဲလို့ အိမ်​ လို့​ခေါ်တဲ့အတုအ​ယောင်​​နေကာကထွက်​လာခဲ့သည်​။ ထိုအချိန်​မှစ၍သူတို့ညီအစ်​ကိုနှစ်​ဦး​ခြေဦးတည်​ရာလှည့်​လည်​ကျက်​စားခဲ့ရသည်​။
ဖြစ်​နိုင်​တာက ချန်​အန်းကလက်​နက်​အ​ကောင်းအဝယ်​သမားတစ်​​ယောက်​အဖြစ်​​မွေးဖွားလာခဲ့တာပဲ။
သူပထမဦးဆုံး​သေနတ်​ကိုထိ​တွေ့ဖူးတာသူ့​မွေးမိဘအိမ်​မှာပဲ။ အဲ့ဒီ ဖက်​တီး​ကောင်​ကြီးရဲ့အံဆွဲထဲက shotgun ကို ထိကြည့်​မိတုန်းကချန်​အန်းဆံပင်​တို့​ထောင်​သွားခဲ့သည်​။ ထိုခံစားချက်​က ​သွေးစုပ်​ဖုတ်​​ကောင်​တစ်​​ကောင်​​သွေးရဲ့အရသာကိုပထမဦးဆုံးမြည်းစမ်းခွင့်​ရသလိုပင်​။
သူ့ရဲ့ပထမဦးဆုံးအ​ရောင်းအဝယ်​က သူတရုတ်​တန်းကဟိုတယ်​အ​ဟောင်းကြီးမှာ ​သေနတ်​​ရောင်းခဲ့တာပဲ။ သူအဲ့ဒီအချိန်​ကတည်းက လူသစ်​လို့​ပြောလို့​တောင်​မရ​အောင်​အရမ်းကိုတည်​ညိမ်​​အေး​ဆေးပြီးယုံကြည်​ချက်​အပြည့်​ရှိခဲ့သည်​။သူရှာတဲ့ပိုက်​ဆံအ​ရေအတွက်​က စား​သောက်​ဆိုင်​ကဟင်းပွဲအ​ရေအတွက်​ထက်​​တောင်​ထက်​​တောင်​များ​သေးတယ်​။ အဲ့ဒီအချိန်​ကတည်းက သူ့ရဲ့​ခြေလှမ်းတိုင်းဟာ လက်​နက်​အ​ကောင်းအဝယ်​အဖွဲ့အစည်းထဲဝင်​​ရောက်​ဖို့ဦးတည်​ခဲ့တယ်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now