အခန်း (၁၃၅) ဧကရာဇ်ဆိုး

1.5K 248 9
                                    

အခန်း (၁၃၅) ဧကရာဇ်ဆိုး

ချန်အန်း၏အမိန့်တော်အရ မြင်းလှည်းမောင်းသူမှာတင်းရှန်းသာဖြစ်သည်။ခိုင်လုံသည့်အကြောင်းပြချက်ကိုပြောပါဆိုလျှင် လူငယ်များကလူကြီးများကိုလေးစားသင့်သည် ဟူ၍သာ။ အပျင်းကြီးရန်အတွက်ဆင်ခြေအပေးကောင်းသောချန်အန်းကိုတင်းရှန်းလက်မြှောက်လိုက်ရသည်။ ထို့ကြောင့်လှည်းခေါင်းတွင်ထိုင်လျက်နေကာမျက်မှန်တပ်ကာတင်းရှန်းမှာလှည်းမောင်းနေရသည်။

တင်းရှန်းကမြေမညီတဲ့လမ်းမှာလှည်းကိုအသည်းအသန်ထိန်းမောင်းနေရစဥ် ကလစ်ကလစ်နှင့်ဓာတ်ပုံရိုက်သံကြားလို့လှည့်ကြည့်ရာ ချန်အန်းမှာဖင်တွင်ကူရှင်နှစ်ထပ်ခုလျက်ထိုင်ပြီးဆယ်ဖီဆွဲနေခြင်းဖြစ်သည်။
ဒီနေရာမှာwifiမရသလိုအင်တာနက်လည်းမရှိတာကြောင့်ချန်အန်းကတော့သူ့ဖုန်းကိုခရီးသွားမှတ်တမ်းဓာတ်ပုံရိုက်ဖို့သာသုံးနေသည်။

'' အန်ကယ်ချန် ကျွန်တော်တို့ကဒီနေရာကိုသိတာလည်းမဟုတ်ဘူးဘာလို့ဟယ်ဟွာကိုပါမခေါ်လာရတာလဲ။'' တင်းရှန်းအနေနဲ့ထိုမိန်းကလေးကိုထူးခြားတဲ့စိတ်ရှိလို့မဟုတ်ပေမဲ့ အစေခံလုပ်နေတာထက်စာရင်သူတို့လမ်းပြလုပ်ခိုင်းတာမဆိုးဘူးဟုတွေးမိသောကြောင့်ဖြစ်သည်။

ချန်အန်းကဖုန်းအားကိုကြည့်ကာပိတ်လိုက်ပြီးအိတ်ထဲပြန်ထည့်ထားလိုက်သည်။ ''တောင်ပိုင်းမှာမွေးတဲ့သူကမြောက်ပိုင်းကိုလမ်းပြလုပ်ပေးနိုင်မယ်လို့မင်းထင်နေတာလား''

''ဟယ်ဟွာက မြို့ကနေတစ်ခါမှအပြင်မထွက်ဖူးတဲ့အစေခံမလေးတစ်ယောက်ပဲ။ မင်းသူ့ကိုလမ်းပြအနေနဲ့လိုချင်ရင်အစေခံအနေနဲ့လည်းခေါ်မှရမယ်။ဒါမဲ့ငါတို့ယောက်ျားရင့်မာကြီးနှစ်ယောက်နဲ့လက်မထပ်ရသေးတဲ့မိန်းကလေးတစ်ယောက်ခရီးအတူသွားတာသင့်တော်တယ်လို့ထင်လို့လား။''

ချန်အန်းကတင်းရှန်းဆက်လျက်တရားချသည်။ ''ရှေးခေတ်လိုနေရာမျိူးမှာမင်းရဲ့အနောက်တိုင်းပညာရေးဗဟုသုတတွေနဲ့မတွေးနဲ့။လှည်းသာသေချာမောင်း။''

သူတို့ရဟတ်ယာဥ်နဲ့တင့်ကားကိုသုံးရင်ပိုမြန်နိုင်ပေမယ့်ဒါကလူတွေကိုဆွဲဆောင်နိုင်ပြီး တကယ်မိစ္ဆာတွေလည်းထင်သွားမှာစိုးလို့မြင်းလှည်းနဲ့သာသွားရခြင်းဖြစ်သည်။ အကယ်၍သုံးခဲ့ရင်လည်းဆီပျက်သွားရင်လမ်းမှာဟိုမရောက်ဒီမရောက်ကျန်ခဲ့နိုင်သည်။

Rebirth of Chen An【Zaw + uni】Where stories live. Discover now