အခန်း (၁၁)တင်းရှန်း နှင့်​ မ​တော်​တဆ​တွေ့ဆုံခြင်း

13.4K 1.8K 6
                                    

အခန်း (၁၁) တင်း​ရှန်း နှင့်​ မ​တော်​တဆ​တွေ့ဆုံခြင်း

ချန်​ယန်းရဲ့အငှါးတိုက်​ခန်း​လေးက​နေနိုးလာရင်​ ချာတိတ်​​လေးပြင်​ထားတဲ့နံနက်​စားကိုစား၊ ပြီး​တော့မြို့ ထဲကိုစက်​ဘီးစီးထွက်​၊ အသစ်​စက်​စက်​တိုက်​ခန်းကြီးမှာ ကိုယ်​ပိုင်​ Trainer နဲ့ ​ကျောပြင်​​ချွေးရွဲတဲ့အထိ ​လေ့ကျင့်​ခန်းလုပ်​ ဒါ​တွေကချန်​အန်း​နေ့တိုင်းလုပ်​​နေတဲ့သူ့အလုပ်​ပဲ။ ဒီ​အေးချမ်းပြီးကျန်းမာတဲ့​နေ့ရက်​​လေး​တွေကတစ်​လ​လောက်​​ကျော်​သွားတယ်​။

ချန်​အန်း​ပေါင်​ချိန်​စက်​​ပေါ်မှာရပ်​ပြီး ​လျော့သွားတဲ့သူ့ကိုယ်​အ​လေးချိန်​​တွေကိုကြည့်​​နေလိုက်​တယ်​။ သူတကယ်​ကိုဝိတ်​ကျသွားခဲ့တယ်​။ ဆိုရိုးစကားအတိုင်းပဲ မင်းကြိုးကြိုးစားစားအလုပ်​လုပ်​ရင်​တိုက်​တန်​တဲ့​ပျော်​ရွှင်​မှုကိုပြန်​ရမယ်​ဆိုတာမျိုး​ပေါ့။
ရေချိုးပြီး​တော့ချန်​အန်းမှန်​​ပေါ်ကကိုယ့်​ပုံရိပ်​ကိုယ်​ကြည့်​လိုက်​သည်​။လွန်​ခဲ့တဲ့တစ်​လကနဲ့စာလျှင်​သူ့ရုပ်​ရည်​သွင်​ပြင်​ကအ​တော်​ကိုတိုးတက်​လာခဲ့သည်​။ ကျန်းမာ​ရေးနဲ့ညီညွှတ်​တဲ့အစားအစာ​တွေနဲ့သင့်​​လျော်​တဲ့အားကစားကိုမြန်​မြန်​လုပ်​​ဆောင်​တာ​ကြောင့်​ သူ့မျက်​နှာဟာလည်းအခု​တော့လူရုပ်​သူရုပ်​စတင်​​ပေါက်​လာပြီဖြစ်​သည်​။ ဒါ​ပေမယ့်​လည်း ဒီရုပ်​ရည်​က သူ့အရင်​ကရုပ်​နဲ့ယှဉ်​ရင်​​တော့အရမ်းကို နိမ့်​ကျ​နေ​သေးတယ်​။

ရေချိုးပြီး​တော့ ချန်​အန်းအဝတ်​သန့်​သန့်​တစ်​ထည်​ကိုလဲလိုက်​ပြီး စာကြည့်​ခန်းထဲကသူ့ရဲ့ Tablet ကိုဖွင့်​ပြီးသတင်းကြည့်​လိုက်​တယ်​။ အခုသူ့လက်​ထဲမှာလုပ်​ငန်းတစ်​ချို့ ရှိ​နေ​ပေမယ့်​လည်း သူ့အနာဂတ်​ရည်​မှန်းချက်​ဖြစ်​တဲ့အရင်​​နေရာကိုပြန်​ရဖို့ကတစ်​​ယောက်​ထဲအင်​အားနဲ့မလွယ်​ဘူး။
ချန်​အန်း​ခေါင်းကိုငုံ့ပြီး ​နောက်​ဆုံးနိုင်​ငံတကာသတင်းကိုဖတ်​လိုက်​တယ်​။ကောင်းတဲ့အ​မေရိကအိုကြီးကဒီအတိုင်းအညိမ်​မ​နေနိုင်​ဘူးပဲ။ ဒီနှစ်​​တွေမှာ တိုက်​ရိုက်​​ကော၊သွယ်​ဝိုက်​ပြီး​တော့ပါ သ​ဘောထားကွဲလွဲမှု​တွေခဏခဏဖြစ်​​နေတယ်​။ အာဖရိကအ​ရှေ့အလယ်​ပိုင်း​ဒေမှာစစ်​ပွဲ​တွေဆက်​ဖြစ်​​နေတယ်​ဆိုတဲ့သတင်းက လက်​နက်​အ​ရောင်းအဝယ်​သမား​တွေအတွက်​ ​ငွေဝင်​မယ့်​​ပျော်​စရာသတင်းပဲ။ သူ့မှာအခုဘယ်​လိုလက်​နက်​​ရောင်းဝယ်​ရမလဲ၊အမြတ်​အစွန်းကျန်​​အောင်​ဘယ်​လိုလုပ်​ရမလဲဆိုတဲ့ အသိဉာဏ်​ ကရှိ​သေး​နေ​သေး​ပေမယ့်​ အနှစ်​၂၀​လောက်​သူ့ရဲ့ထိန်းချူပ်​မှုကလွှတ်​ထွက်​​နေခဲ့​သေးတယ်​။
အခုသူ့​ရှေ့မှာ​ရွေးစရာနှစ်​လမ်းပဲရှိတယ်​။ ပထမတစ်​ခုက​အောက်​​ခြေကစဖို့ ဒါ​ပေမယ့်​ အခု​ခေတ်​နိုင်​ငံတကာအလုပ်​ခွင်​က လွန်​ခဲ့တဲ့အနှစ်​၂၀ကလိုဂွင်​မ​ကောင်း​တော့ဘူး။ အဓိကရှယ်​ရာရှင်​​တွေအကုန်​လုံးက လက်​နက်​အ​ကောင်းအဝယ်​အဖွဲ့အစည်း​တွေရဲ့​အောက်​မှာ တင်းတင်းကြပ်​ကြပ်​ချည်​​နှောင်​ခံထားရတယ်​။အောက်​​ခြေက​နေစဖို့မလွယ်​​တော့ ဒီလမ်းကခက်​ခဲမှာပဲ။ ကံ​ကောင်းတာကချန်​အန်းလက်​ထဲမှာအခုထိ အင်​အားတစ်​ချို့ ရှိ​နေ​သေးတာပဲ။ တစ်​နည်းအားဖြင့်​သူတစ်​​ယောက်​​ယောက်​နဲ့ပူး​ပေါင်းလို့ရနိုင်​တယ်​။ ဒါ​ပေမယ့်​​မေးခွန်းက ဘယ်​သူနဲ့အတူအလုပ်​လုပ်​သင့်​လဲဆိုတာပဲ။

Rebirth of Chen An【Zaw + uni】Where stories live. Discover now