အခန်း (၁၀၀) လှိုင်းထန်

11.3K 1.2K 130
                                    

အခန်း(၁၀၀) လှိုင်းထန်

ချန်​အန်း​လှေထိပ်​မှာထိုင်​မှာထိုင်​ပြီး ည​နေ​စောင်းသည်​အထိပင်​လယ်​ပြင်​ကိုထိုင်​ကြည့်​​နေမိသည်​။ လိ​မ္မော်​​ရောင်​​နေခြည်​ကပင်​လယ်​ပြင်​ကို​ရွှေ​ရောင်​သန်း​စေပြီး တ​လောကလုံးကိုမီးလျှံရိပ်​များနှယ်​​ဆေးခြယ်​သည်​။

"​ဘေဘီ?''

ပြန်​မ​ဖြေ ။

"အန်း''

နံမည်​​ခေါ်သည်​အထိ တိတ်​ဆိတ်​​နေမြဲ။

အိုင်​ဗန်​​လှေဝမ်းက​နေတက်​ပြီး ချန်​အန်းနံ​ဘေးဒူး​ထောက်​ထိုင်​ချကာ ပုခုံးကိုအသာထိလိုက်​သည်​။ ချန်​အန်းက ကိုယ့်​နဖူးကိုကိုင်​ရင်းအိုင်​ဗန်​လက်​ကိုလှမ်းဆွဲလိုက်​သည်​။

"ငါ့ကို​အောက်​ချ​ပေး'' အသံထဲတွင်​မအီမသာမှုတစ်​စုံတစ်​ရာပါဝင်​​နေသည်​။

နံ​ဘေးရှိဘီယာဗူးခွံအလွတ်​က ​လေအ​ဝှေ့ တွင်​သ​ဘောင်္ကုန်းပတ်​တစ်​​လျှောက်​ ဂူလူဂူလူမြည်​သံနှင့်​လိမ့်​သွားသည်​။

အိုင်​ဗန်​၊ချန်​အန်းကိုတွဲပြီး ​လှေဝမ်းခန်းထဲပြန်​​ခေါ်သွားလိုက်​သည်​။ တရုတ်​အမျိုးသားမှာအ​တော်​မူး​နေသည်​ထင်​ ကုတင်​​ပေါ်တွင်​ပတ်​လက်​လဲ​နေပြီး အိုင်​ဗန်​ဖိနပ်​နှင်​​ခြေစွပ်​ချွတ်​​ပေးသည်​ကို ညိမ်​ခံ​နေသည်​။

"​ဘေဘီ အိပ်​ချင်​​နေပြီလား'' ကုတင်​စွန်းတွင်​ထိုင်​ရင်း အိုင်​ဗန်​၊ ချန်​အန်း၏ရှပ်​အင်္ကျီကြယ်​သီးကိုဖြုတ်​လိုက်​သည်​။

ကြယ်​သီးများဆုံးသည့်​​နောက်​ အိုင်​ဗန်​မျက်​ဝန်း​ရှေ့သို့ကျယ်​ပြန့်​​သောရင်​ဘတ်​တစ်​ခု​ပေါ်လာသည်​။ တ​လောကသူချန်​ထားခဲ့သည့်​ အမှတ်​အသားများမှာ​ပျောက်​လုနီးပြီ။ ကိုက်​ရာများကသာ ထိုလူ့ခန္ဓာနှင့်​မခွဲနိုင်​မခွာရက်​ ​ခေါင်းမာစွာကျန်​ရစ်​​နေဆဲဖြစ်​သည်​။

အိုင်​ဗန်​လက်​ဖဝါးကချန်​အန်း၏​ချောမွတ်​​နေ​သော ရင်​ဘတ်​ကိုခပ်​ဖွဖွထိ​တွေ့​နေပြီး ညိမ်​သက်​​နေသည့်​ချန်​အန်းမျက်​နှာကို​ငေး​နေရင်းက ​ခေါင်းကိုကိုင်​လိုက်​သည်​။ နူးညံ့​သောအနမ်းမှတစ်​ဆင့်​ ဘီယာအရသာကိုသူခံစားမိသည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now