အခန်း (၁၂) ရန်​သူ​ဟောင်းနှင့်​မိတ်​ဖွဲ့ခြင်း

13.4K 1.8K 22
                                    

အခန်း (၁၂) ရန်​သူ​ဟောင်းနှင့်​မိတ်​ဖွဲ့ခြင်း

လက်​နက်​​မှောင်​ခိုအ​ရောင်းအဝယ်​သမားတစ်​​ယောက်​အ​နေနဲ့ ရဲ​တွေကိုလာဘ်​ထိုးရသည်​မှာပုံမှန်​ဖြစ်​သည်​။ အ​ပေါ်ယံမှာ​တော့ လက်​နက်​​မှောင်​ခိုသမား​တွေဟာ ရဲ​တွေနဲ့အစိုးရရဲ့ အလိုရှိတဲ့ရာဇဝတ်​သား​တွေဆို​ပေမယ့်​ အမှန်​တကယ်​က​တော့ ပါတနာများဖြစ်​ကြသည်​။

ချန်​အန်းရဲ့အမြင်​မှာ​တော့ လက်​နက်​အ​ရောင်းအဝယ်​အဖွဲ့အစည်း​တွေက​ဈေးကွက်​မှာကုန်​သည်​​တွေနဲ့မခြားဘူး။ အမှန်​တကယ်​ ထုတ်​လုပ်​သူနဲ့ ထိန်းချူပ်​သူ​တွေက United Nations က အဖွဲ့အစည်း၅ခုပဲ သူတို့မဟုတ်​ဘူး။ သူတို့တစ်​နှစ်​ပတ်​လုံး​ရောင်းတဲ့လက်​နက်​အ​ရေအတွက်​ဆိုတာ အဖွဲ့အစည်း၅ခုကတစ်​​နေ့စာ​ရောင်းလိုက်​တာနဲ့ယှဉ်​လို့​တောင်​မရဘူး။

သို့​ပေမယ့်​လည်း ဒီကမ္ဘာမှာ ဝယ်လို့ မရတဲ့လူ​တွေကရှိ​သေးတယ်​။ သူတို့​လောကနိယာမသ​ဘောတရယားကိုသိ​ပေမယ့်​ ကိုယ့်​ကျင့်​သိက္ခာနဲ့ဥပ​ဒေကို​တော့မြဲမြဲလက်​ကိုင်​ထားတယ်​။ ဥပမာပြရရင်​ အခုသူ့​ဘေးမှာထိုင်​​နေတဲ့လူငယ်​​လေး တင်းရှန်းလိုမျိုး​ပေါ့။ လွန်​ခဲ့တဲ့၅နှစ်​ကစ​ပေါ်လာတဲ့အချိန်​ကစပြီး ဒီအနာဂတ်​​တောက်​ပ​နေတဲ့ အင်​တာပို​အေးဂျင့်​​လေးက ချန်​အန်းကိုပြသာနာရှာရတာအရမ်းကြိုက်​တယ်​။ မိန်းမ​ကော​ငွေပါ ဒီ​ကောင်​​လေးစိတ်​ကိုမလှုပ်​ရှားနိုင်​ခဲ့ဘူး။ (TN/ you should try with yourself 😏)

"ဟုတ်​တယ်​။ ဒီကသွားဆရာဝန်​ကအရမ်း​တော်​တယ်​လို့ကြားလို့။ ကျွန်​​တော်​လည်းဒီအနီးအနားမှာပဲ​နေ​တော့ ဒီမှာလာကြည့်​ဖို့ဆုံးဖြတ်​လိုက်​တာ''

တင်းရှန်းသူ့​ဘေးက လူကိုမျက်​လုံးများ​ကွေးသွားတဲ့အထိပြုံးပြ​နေ​တော့ ချန်​အန်းမာယာမပါတဲ့မျက်​လုံး​တွေနဲ့ပြန်​​မေးလိုက်​သည်​။
"မင်း​ကောလား?''

တင်းရှန်းအခုလိုဖြူဖြူစင်​စင်​ပြုံး​နေတာမျိုးကိုချန်​အန်းပထမဦးအကြိမ်​မြင်​ရခြင်းဖြစ်​သည်​။ သူ့ရဲ့အရင်​ဘဝမှာတုန်းက တင်းရှန်းကသူ့ကိုအမြဲတမ်းစူးစူးဝါးဝါးရွံရှာမုန်းတီး​နေတဲ့အကြည့်​​တွေနဲ့ပဲကြည့်​ခဲ့တာ။သူ့မျက်​လုံး​တွေမှာ ချက်​ချင်း​သေနတ်​​မောင်းခလုတ်​ကိုဆွဲ ပြီး ဒီစစ်​​အောင်​သွယ်​​တော်​ ပစ်​သတ်​ပစ်​ချင်​တဲ့အရိပ်​အ​ယောင်​​တွေပဲရှိခဲ့တယ်​။
ချန်​အန်းပြန်​ပြုံးပြလိုက်​​တော့ သူ့နှုတ်​ခမ်းကြားက bracesကတစ်​စွန်းတစလိုက်​​ပေါ်လာသည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now