အခန်း(၇၃) ပစ်​မှတ်​ကိုရှာ​တွေ့ခြင်း

9.2K 1.1K 46
                                    

အခန်း(၇၃) ပစ်​မှတ်​ကိုရှာ​တွေ့ခြင်း

"ငါပြန်​လာတဲ့အခါမျက်​မှန်​​ကောင်းတစ်​လက်​ရ​နေဖို့​မျှော်​လင့်​တယ်​'' စကားချန်​ပြီး​နောက်​ ချန်​အန်းစား​သောက်​ပွဲခန်းမကြီးမှသန့်​စင်​ခန်းသို့သွားရန်​ထလိုက်​သည်​။ အိုင်​ဗန်​ကသူနဲ့အတူရှိ​နေတာမို့ သက်​​တော်​​စောင့်​​တွေကသူ့ကိုလမ်းပြ​ပေးသည်​။ မဟုတ်​ပါက သူ့အ​ခြေအ​နေနဲ့ဆို ငါးမီတာအကွာကလွဲရင်​ ဘယ်​နားမှ​ရွေ့နိုင်​မှာမဟုတ်​ဘူး။

"အပြင်​မှာပဲ​နေခဲ့​ပေး'' သန့်​စင်​ခန်းတံခါးကိုမဖွင့်​မှီချန်​အန်းသတိ​ပေးလိုက်​သည်​။ သူ့မှာ သက်​​တော်​​စောင့်​ထားပြီးသွားလာရတာ အရမ်းကြိုက်​တဲ့ဝါသနာရှိသည်​မှမဟုတ်​ပဲ။

"တိုက်​ဆိုင်​လိုက်​တာဗျာ'' သက်​​တော်​​စောင့်​​တွေရဲ့မြင်​ကွင်းကဖယ်​ဖို့ ချန်​အန်း တံခါးကိုပိတ်​လိုက်​​တော့ ​ဘေစင်​မှာလက်​​ဆေး​နေတဲ့ သက်​လယ်​ပိုင်းအရွယ်​ရုရှားအမျိုးသားတစ်​ဦးနှင့်​ဆုံသည်​။

သက်​လယ်​ပိုင်းအရွယ်​ ရုရှားအမျိုးသားကလည်း​ဖော်​​ရွေစွာပြုံး၍သူ့ကို​ခေါင်းညိမ့်​ပြသည်​။ ''မင်္ဂလာပါ''

အ​စောက ကစားဝိုင်းမှာချန်​အန်းရဲ့တည်​ညိမ်​တဲ့အမူအရာနဲ့ အိုင်​ဗန်​ရဲ့ရက်​​ရောတဲ့လက်​​ဆောင်​အရ ဒီချန်​အန်းလို့​ခေါ်တဲ့တရုတ်​အမျိုးသားဟာ အိုင်​ဗန်​ရဲ့သာမန်​အရုပ်​​တွေနဲ့မတူမှန်းသူသိတယ်​​လေ။

"ကျွန်​​တော်​ အိုင်​ဗန်​နဲ့ခင်​များသွား​တွေ့ မှာမြင်​လိုက်​တယ်​။ ကျွန်​​တော်​ခင်​များကိုတစ်​ခု​လောက်​အကူညီ​တောင်းလို့ရမလားမသိဘူး မစ္စတာယူရီ'' ချန်​အန်းပြုံးလျှက်​ဆိုလိုက်​သည်​။

"ရတာ​ပေါ့ '' တစ်​ဖက်​လူကသူ့နံမည်​ကိုသိ​နေတာ​ကြောင့်​အနည်းငယ်​​တော့အံ့သြသွားပုံရသည်​။

"အိုင်​ဗန့်​ကို​ပြော​ပေးပါဗျာ..ကျွန်​​တော်​​လေညှင်းခံဖို့အပြင်​ခဏထွက်​မယ်​လို့ မစိုးရိမ်​ပါနဲ့လို့။ ဒုက္ခ​ပေးမိပြီ မစ္စတာယူရီ'' ချန်​အန်း အနည်းငယ်​ရှက်​ရွံရွံဟန်​ပြလိုက်​သည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now