အခန်း (၁၇) အထူးတန်းက အဆိပ်​ပြင်း​မြွေ

12.9K 1.7K 25
                                    

အခန်း (၁၇) အထူးတန်းက အဆိပ်​ပြင်း​မြွေ

ချန်​ယန်းနဲ့အတူ အခုလိုအမြဲတမ်းကြီး​နေသွားလို့မရတာ ချန်​အန်းသိတယ်​။ ချန်​ယန်း​ရှေ့မှာ​တော့သူဟာ ရိုးရိုးသာမန်​လက်​လုပ်​လက်​စားတစ်​​ယောက်​ပဲ။ ချန်​ယန်းအခန်းထဲကစာအုပ်​​တွေနဲ့ result ​တွေကိုကြည့်​ပြီးပြီ။ ဒီလိုအရည်​အချင်းနဲ့ဆို  ရှန်​ဟိုင်းမှာအလုပ်​​ကောင်း​ကောင်းတစ်​ခုရနိုင်​တယ်​။ ဒီလိုသာမန်​ဘဝ​လေးအတိုင်းပဲဆိုရင်​ ချန်​ယန်းဘဝတစ်​​လျှောက်​လုံး​အေး​အေး​ဆေး​ဆေး​နေနိုင်​လိမ့်​မယ်​။
အဲ့တာ​ကြောင့်​ သူဗီယမ်​နမ်​ကပြန်​​ရောက်​တာနဲ့ချန်​ယန်းကိုသူ့ဘဝထဲကအပြီးအပိုင်​ထုတ်​ပစ်​ရမယ်​။

Noteတို​လေးတစ်​ခုထားခဲ့ပြီးချန်​အန်း ခရီး​ဆောင်​အိတ်​အ​သေး​လေးတစ်​လုံးနဲ့​လေဆိပ်​သို့​ရောက်​လာခဲ့သည်​။ ကမ္ဘာကြီးကအကျယ်​ကြီး။ ရှန်​ဟိုင်းက​နေ ​လေယာဉ်​အစင်း​ပေါင်းများ​နေ့တိုင်း​ပြေးဆွဲ​နေ​ပေမယ့်​ ​ရေစက်​ရှိတဲ့အခါ မ​မျှော်​လင့်​ပဲ မိတ်​​ဆွေ​ဟောင်းကို​တောင်​ပြန်​​တွေ့ရသည်​။
အထူးတန်းမှာ သူ့ခုံ​နေရာကိုသူ​တွေ့​တော့ ချန်​အန်း ကွင်းထိုးဖိနပ်​ကို​ပြောင်းစီးလိုက်​ပြီး အိတ်​ထဲကဖတ်​လက်​စစာအုပ်​ကိုထုတ်​လိုက်​သည်​။ သူ့​ဘေးနားမှာတစ်​စုံတစ်​​ယောက်​ထိုင်​​နေတာမျိုး လုံးဝမကြိုက်​တာ​ကြောင့်​ လက်​မှတ်​ကိုလည်းနှစ်​​စောင်​ဝယ်​ခဲ့သည်​။ ထို့​ကြောင့်​ သူ window seat တွင်​ထိုင်​​နေစဉ်​ ​ဘေးခုံမှာလွတ်​​နေ၏။

"ကိုယ်​အဲ့စာအုပ်​သိတယ်​။ ဒါ ​လောင်ဇီ​ ရဲ့ 'တာအို ​တဲချင်း' ပဲ။ စိတ်​ဝင်​စားစရာပဲ ကိုယ့်​မှာလည်းဒီစာအုပ်​ကြိုက်​တဲ့မိတ်​​ဆွေတစ်​​ယောက်​ရှိတယ်​။''

(Laozi - တာအိုဘာသာတည်​​ထောင်​သူ၊ ဒဿ  နိက​ဗေဒပညာရှင်​)

လေယူ​လေသိမ်းပီသလွန်းတဲ့မန်​ဒရင်းစကား​ကြောင့်​ တစ်​​ယောက်​​ယောက်​က​ပြော​နေတဲ့သူကိုမကြည့်​ရင်​ တရုတ်​လူမျိုးတစ်​​ယောက်​လာ​ပြောတယ်​လို့ထင်​မိမှာပဲ။ ဒါ​ပေမယ့်​ချန်​အန်းအတွက်​​တော့ဒီအသံကအရမ်းကိုရင်းနှီးလွန်းတယ်​။ ဒီအသံပိုင်​ရှင်​က ​ရွှေ​ရောင်​ဆံပင်​နဲ့ရုရှား​ကောင်​ဆိုတာ သူ​ခေါင်း​မော့ကြည့်​စရာ​တောင်​မလိုဘူး။

Rebirth of Chen An【Zaw + uni】Where stories live. Discover now