အခန်း(၄၂) အိမ်​​စောင့်​​နေသည့်​ချန်​ယန်း

10.2K 1.3K 16
                                    

အခန်း(၄၂) အိမ်​​စောင့်​​နေသည့်​ချန်​ယန်း

ချန်​အန်းလုံးဝ social activity ​တွေမနှစ်​သက်​ဘူး။သူပြန်​လာတဲ့အခါတစ်​ကိုယ်​လုံးကိုက်​ခဲ​နေ​ရော။အဲ့တာ​ကြောင့်​အဲ့လိုကိစ္စ​တွေအားလုံးကိုသူလုဖုန်းဆီပဲလွှဲထားခဲ့တယ်​။ ရက်​သတ္တပတ်​တိုင်းအမျိုးမျိုး​သောဖိတ်​ကြားမှု​တွေကြားမှာ လုဖုန်းက​ပေါင်​သင်းဆက်​ဆံ​ရေးကျယ်​ပြန့်​လာတယ်​။ အဲ့ဒီ​ကြောင့်​လူသိထင်​ရှားတဲ့​နေရာတစ်​ခုကိုတဖြည်းဖြည်းရလာခဲ့တယ်​။

ချန်​အန်း​လေလံပွဲမှာအကြာကြီးမ​နေဘူးဆို​ပေမယ့်​အိမ်​ကို​တော့၁၁နာရီ​လောက်​မှာပြန်​​ရောက်​တယ်​။အိမ်​တံခါးဝနားမှာ ​ခေါင်းကိုငုံ့ ပြီးစာဖတ်​​နေတဲ့ချန်​ယန်းကို​တွေ့​တော့ ချန်​အန်း​မေးလိုက်​သည်​။
"မင်းဘာလို့ စာကြည့်​ခန်းမှာ​စောင့်​မနေတာလဲ''

ချန်​အန်းသူ့​နောက်​​လျှောက်​လာ​တော့ ချန်​ယန်းချက်​ချင်းပဲထလိုက်​ပြီး ချန်​အန်း လက်​​မောင်း​ပေါ်ကကုတ်​အင်္ကျီကိုယူလိုက်​တယ်​။ဒီအပြုအမူတစ်​ခုလုံးကအရမ်းကိုရင်းနှီးဟန်​​ပေါက်​​ပေမယ့်​သဘာဝဆန်​ဆန်​ပဲ။

"ကျွန်​​တော်​ထင်​တာဦး​လေး​နောက်​ကျအုန်းမယ်​ထင်​လို့။ဆာ​နေပြီလားဟင်​။ ဘာစားချင်​လဲ''

ချန်​ယန်းအမှန်​အတိုင်းမ​ဖြေလိုက်​​ပေ။ သူဘာလို့စာကြည့်​ခန်းမှာမ​စောင့်​ပဲဒီမှာ​စောင့်​​နေရလဲဆိုတာ ချန်​အန်းပြန်​လာတာနဲ့ချက်​ချင်းမြင်​ချင်​​သော​ကြောင့်​ဖြစ်​သည်​။

"ယာဂု နည်းနည်းလုပ်​​ပေး ဆား​ကော၊သကြား​ကောဘာမှမထည့်​နဲ့။ငါ​ရေအရင်​ချိုးလိုက်​အုန်းမယ်​'' ချန်​အန်းလည်​စည်းကို​ဖြေချလိုက်​ပြီး ​လှေကား​ပေါ်တက်​လိုက်​သည်​။

ချန်​ယန်းတိတ်​ဆိတ်​စွာပဲ ချန်​အန်း၏​ကျောပြက်​ကို​ငေးကြည့်​​နေမိသည်​။သူဘာဖြစ်​​နေလဲသူ့ကိုယ်​သူမသိ​တော့ဘူး သူအရင်​ကချန်​အန်းနဲ့သိပ်​ရင်းနှီးတာမဟုတ်​ဘူး။ဒါ​ပေမယ့်​အခု​တော့ချန်​အန်းကိုအမြဲတမ်းမြင်​ချင်​မိတယ်​။ ချန်​အန်းမရှိတဲ့အခါမျိုးဆို သူ့အ​ကြောင်းကိုပဲ​တွေး​နေမိတယ်​။လက်​ရှိချန်​အန်းကအရင်​ကသူ့ဦး​လေးချန်​အန်းမဟုတ်​​တော့ဘူးလို့လည်းသူခံစား​နေရတယ်​။သူအရင်​ကချန်​အန်းရဲ့စိတ်​ဓာတ်​ကိုလည်းကြိုက်​​ပေမယ့်​ ​ရွေးပါဆိုရင်​ လက်​ရှိချန်​အန်းပုံစံကိုပဲ​ရွေးချင်​တယ်​။ ဒီလိုပုံစံမျိုးနဲ့ပဲဘယ်​​တော့မှမ​ပြောင်းလဲပဲရှိ​နေ​စေချင်​တယ်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now