အခန်း(၈၁) လက်​စွပ်​ဗူးထဲကဘီလီယံ​ဒေါ်လာ

8.4K 1.2K 69
                                    

အခန်း(၈၁) လက်​စွပ်​ဗူးထဲက

"ငါ့ကိုလာမရှုပ်​နဲ့'' ​စောင်​ကိုကိုယ်​တစ်​ဝက်​ခြုံထားသည့်​အမျိုးသားက ကုတင်​​ခြေရင်းမှ က​လေးထိန်းလိုထိုင်​​နေသည့်​အိုင်​ဗန်​ကို​အော်​​ပြောလိုက်​သည်​။ အိပ်​ရာ​ပေါ်သို့ပြန်​လဲ​လျောင်းလိုက်​ပြီး ချန်​အန်းကိုယ်​တစ်​ဖက်​လှည့်​ကာ ​စောင်​ကို​ခေါင်းထိဆွဲခြုံပြီး မျက်​လုံးမှိတ်​လိုက်​သည်​။

အခန်းကိုပြန်​​ရောက်​​တော့ ချန်​အန်း​ရေ​နွေးနဲ့​ရေချိုးပြီး အနည်းငယ်​မူး​ဝေးသလိုခံစားရတာ​ကြောင့်​ ​ရေ​နွေးနည်းနည်း​သောက်​ပြီး အနားယူရန်​ကြိုးစား​နေခြင်းဖြစ်​သည်​။  တကယ်​လို့များလိုချင်​တဲ့အ​ရေးကြီးပစ္စည်းသာ အိုင်​ဗန်​လက်​ထဲရှိမ​နေရင်​ ချန်​အန်းဒီဝက်​ဝံ​နောက်​ကိုဒီအထိလိုက်​လာမည်​မဟုတ်​​ပေ။

"ကိုယ်​အပြင်​မှာပဲရှိ​နေမယ်​ လာမ​နှောင့်​ယှက်​​တော့ဘူး ​ကောင်း​ကောင်းနားပါ အချစ်​''

လှုပ်​ရှားမှုကင်းမဲ့စွာအိပ်​​ပျော်​​နေပုံရသည့်​ ချန်​အန်းကဆံပင်​များကိုသာ​ဖော်​၍အိပ်​စက်​​နေသည်​။ အိုင်​ဗန်​ခဏ​လောက်​ဆက်​ထိုင်​​နေပြီး ထိုဆံပင်​များကိုလှမ်းထိလိုက်​သည်​။ ဒါက​သေ​လောက်​​အောင်​ ​ခေါင်းမာတဲ့​ယောက်ျားတစ်​​ယောက်​ဆို​ပေမယ့်​ သူ့ဆံပင်​​တွေက​တော့သူနဲ့ဆန့်​ကျင်​ဖက်​ ​ပျော့​ပျောင်း​နေသည်​။

ရေကူးကန်​ထဲကကိစ္စကို အိုင်​ဗန်​ပြန်​​တွေးကြည့်​မိသည်​။ တကယ်​ကသူလိုချင်​ခဲ့သည့်​အရာသည်​ ထိုလူကိုယ်​တိုင်​သူ့ကိုအကူအညီ​တောင်းခြင်းဖြစ်​သည်​။ ဒါမှပဲ သူ့ရဲ့ကိုယ်​ပိုင်​​ယောက်ျားသိက္ခာ​လေးအဖတ်​ပြန်​ဆယ်​နိုင်​မည်​​ပေါ့။ ဒါ​ပေမယ့်​ အ​ခြေအ​နေ​တွေက သူတို့နှစ်​​ယောက်​ကို လမ်းခွနှစ်​ခုဆီတွန်းပို့သွားသလို ဆိုးရွားသွားခဲ့သည်​။

ဝါရံတာတွင်​ ရပ်​လျက်မီးခြစ်​ကိုထုတ်​ပြီးသူ စီးကရက်​တစ်​လိပ်​ကိုဂရုတစိုက်​မီးညှိလိုက်​သည်​။ ထို​နောက်​ ခံစားချက်​အပြည့်​နဲ့အ​ငွေ့​တွေကို ပြန်​လည်​ရှူထုတ်​လိုက်​သည်​။ ထို​ဆေးလိပ်​​ငွေ့များကြားတွင်​ သူ့သက်​ပြင်းများပါသည်​ကို​တော့ သူသာသိလိမ့်​မည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now