အခန်း(၈၆) ယုံကြည်​မှု

7.8K 1.1K 109
                                    

အခန်း(၈၆) ယုံကြည်​မှု

မြေ​ခွေးအိုကြီးဆိုတာ ဘယ်​သူမဆိုမှောက်​လိုက်​လှန်​လိုက်​လုပ်​လို့ရတဲ့ ဖဲချပ်​မှမဟုတ်​တာပဲ။အိုင်​ဗန်​​ပေးတဲ့ တစ်​ဘီလီယံ​ဒေါ်လာကဘယ်​သူမှမသိလိုက်​ခင်​ ချန်​ယန်းဆီကိုလွှဲနှင့်​ပြီး​နေပြီ။ အခု အဲ့ဒီတစ်​ဘီလီယံလုံးကသူ့အိတ်​ထဲမှာပဲ။

အိုင်​ဗန်​ကချန်​အန်းကို chipပြားပါတဲ့လက်​စွပ်​ဗူး​ပေးထားခဲ့ပြီး ချန်​အန်းကအ​ရောင်းအဝယ်​မစခင်​ အတုနဲ့လှဲပစ်​လိုက်​သည်​။သည့်​အပြင်​သူက chipပြားကိုအသုံးချပြီး ဝယ်​သူနှင့်​ဆက်​ဆံ​ရေးခိုင်​မာ​အောင်​ကြိုးစားလိုက်​​သေးသည်​။ တစ်​ချီထဲနဲ့ ​ဒေါ်လာနှစ်​ဘီလီယံအသာ​လေးရလိုက်​ရုံမက အိုင်​ဗန်​ကိုကျည်​မှန်​​အောင်​လုပ်​နိုင်​ခဲ့ပြီး​ထောင်​ထဲယာယီပို့နိုင်​ခဲ့​သေးသည်​။

ဒါကအဆုံးသတ်​ပဲလား? လို့​မေးရင်​​တော့ ​မြေ​ခွေးအိုကြီးလို 'ငါ့ကိုတစ်​စုံတစ်​​ယောက်​က ထိခိုက်​​စော်​ကားရင်း အဲ့ဒီလူကိုအဆတစ်​ရာပြန်​လည်​​ပေးဆပ်​ခိုင်းမယ်​' ဆိုတဲ့စကားကို လက်​ကိုင်​ထားသူအဖို့ သူ့ဖက်​ကအရင်​အိုင်​ဗန်​ကို ရန်​စခဲ့မှ​တော့ ထပ်​မံရင်​ဆိုင်​ဖို့လည်းဆုံးဖြတ်​ပြီးသားပဲ။

အခုအိုင်​ဗန်​က USကထွက်​မရ​တော့ ချန်​အန်းနဲ့ ချန်​ယန်း ​လေယာဉ်​ဝယ်​ပြီး အိုင်​ဗန်​နဲ့သူ့ကြားကဆက်​ဆံ​ရေးအရခင်​မင်​လာသူ​တွေဆီက လက်​နက်​များဝယ်​ယူသည်​။ ထို့​နောက်​ အိုင်​ဗန်​ထက်​တစ်​လှမ်း​ကျော်​ကာ အိုင်​ဗန်​၏​ဖောက်​သည်​များဆီသို့​ရောင်းသည်​။

အခု​နေအိုင်​ဗန်​​တော့ အံကြိတ်​​နေ​လောက်​ပြီလို့သူထင်​တာပဲ။ သူက​တော့ အဲ့လို​တွေးမိတိုင်း စိတ်​ချမ်းသာတယ်​။

ဝါရံတာတွင်​ထိုင်​ရင်း အယ်​လ်​ကို​ဟော်​ပါးပါးရှန်​ပိန်​ကို​သောက်​ကာ ​ဟောင်​​ကောင်​၏ ဗစ်​တိုးရီးယားဆိပ်​ကမ်းညအလှကို သူရှုစား​နေသည်​။ ​လေ​ကြောင့်​​သောက်​မက သူ့ပါးပြင်​ကအရက်​ဓာတ်​​ကြောင့်​ အနည်းငယ်​နီမြန်း​နေ၏။

Rebirth of Chen An【Zaw + uni】Where stories live. Discover now