အခန်း (၁၄၇) အချစ်ရူး

1.9K 268 7
                                    

အခန်း (၁၄၇) အချစ်ရူး

ဘယ်လိုပြောပြောချန်အန်းကနဂိုတည်းကချန်ယန်းရဲ့ဦးလေးအရင်းမဟုတ်ဘူးလေ။ ဒါကြောင့် တကယ်အရင်းမဟုတ်ဘူးဆိုတာသိရတော့လည်းဘယ်လိုမှမခံစားရဘူး။

ပထမဘဝမှာအသက်ကိုလွယ်လွယ်လက်လျော့လိုက်ပြီး ဒီဘဝမှာတစ်ဝက်လောက်ကဘယ်သွားနေမှန်းမသိတဲ့လူတစ်ယောက်အနေနဲ့ချန်အန်းဟာကိုယ့်ဘဝကိုယ်တော်တော်ကို့ရို့ကားယားနိုင်တယ်လို့မြင်တယ်။ အခုကျန်ရှိတဲ့သက်တမ်းမှာတော့ အချိန်တွေကိုကောင်းကောင်းအသုံးချဖို့စဥ်းစားထားတယ်။ငွေကြေးအတွက်လည်းပူစရာမလိုဘူးဆိုတော့ဒီအခြေအနေကိုဘာလို့အခွင့်ကောင်းမယူရမှာလဲ။

ဥယာဥ်တစ်ခုလိုတည်ဆောက်ထား​ေသာရေကူးကန်ထဲတွင် ရေစီးသံများကသံစဥ်တစ်ခုလိုကြားနေရပြီး အနုပညာမြောက်တဲ့ကျောက်တုံးတွေရဲ့နံဘေးမှာတော့ ညမှပွင့်တဲ့ပန်းတွေကအလွှာအထပ်ထပ်နဲ့ရောင်စုံသွေးကြွယ်နေသည်။အေးစိမ့်တဲ့လေပြေရဲ့အဝေ့မှာလိုက်ပါသွားကြ​ေသာပန်းဝတ်လွှာတို့ကရေမျက်နှာပြင်မှာဆင်းနား၏။

ချန်အန်းကတော့ရေမကူးတတ်ပါဘူးဒါပေမဲ့သူများရေကူးနေတာကိုတော့ သောက်စရာလေးတစ်ခွက်နဲ့ထိုင်ကြည့်ရတာကြိုက်တယ်​ေလ။

ရေကူးကန်အောက်မှမီးရောင်ကရေနဲ့ပန်းပွင့်တွေကိုပြိုးပြိုးပြက်ပြက်​တောက်ပစေလေရဲ့။ ကန်ထဲမှာတော့လူငယ်လေးတစ်ယောက်ကဒဏ္ဍာရီထဲမှာရေသူတစ်ဦးနှယ်စုန်ချည်ဆန်ချည်ကူးခတ်နေသည်။

'' ပြည်တွင်းအိမ်ခြံမြေရောင်းဝယ်ရေးအတွက်ရင်းနှီးမြှုပ်နှံဖို့အကောင်းဆုံးအချိန်ကကျော်သွားပြီ။ပြီးတော့ဥရောပနိုင်ငံတွေကအိမ်ခြေမြေတိုးတက်မှုနဲ့ပတ်သက်ပြီးလုပ်ပြီးကြတာအတော်ကြာပြီ။ တစ်ချိူ့နိုင်ငံတွေဆိုစီးပွားရေးပျက်ကပ်နဲ့ကြုံနေရတော့အကျိူးအမြတ်ကသိပ်ရမှာမဟုတ်ဘူး။ယန်းယန်းမင်းဘယ်လိုထင်လဲ''

ပက်လက်ကုလားထိုင်တွင်လဲလျက်ချန်အန်းကဖျော်ရည်တစ်ခွက်ကိုအရသာခံသောက်ရင်းမျက်နှာချင်းဆိုင်မှာTV screen ကိုလှမ်းကြည့်လျက်ပြောလိုက်သည်။

Rebirth of Chen An【Zaw + uni】Where stories live. Discover now