အခန်း (၃၂) ညစာထွက်​စားရန်​ပြင်​ဆင်​ခြင်း

11.4K 1.5K 58
                                    

အခန်း (၃၂) ညစာထွက်​စားရန်​ပြင်​ဆင်​ခြင်း

ချန်​ယန်းပုံစံကအရမ်း​ပျော်​​နေတာ​ကြောင့်​ချန်​အန်းမှာတွန်းမထုတ်​ရက်​​ပေ။

"ဦး​လေးဘာလို့အရမ်းပိန်​သွားတာလဲ'' ချန်​ယန်းစိတ်​မ​ကောင်းတဲ့​လေသံနဲ့ချန်​အန်း၏​ကျောပြင်​ကိုပွတ်​ရင်း​မေးလိုက်​သည်​။

"မင်းကငါ့ကိုလူဝကြီးပြန်​ဖြစ်​​စေချင်​နေတာလား?'' ချန်​အန်း ဖက်​ထားတဲ့ချန်​ယန်းကိုဆွဲခွာလိုက်​သည်​။ ဘာ​ကြောင့်​ချစ်​သူအစား​ဆွေမျိုးကို​ရွေးခဲ့သလဲ​တော့မ​မေးမိ။

"သွားရ​အောင်​ အပြင်​မှာသွားစားကြမယ်​''

"​ကောင်းတယ်​ ဦး​လေး'' ချန်​ယန်းမ​ပျော်​ပဲမ​နေနိုင်​​ပေ။
"လွန်​ခဲ့နှစ်​ရက်​ကကျွန်​​တော်​လစာထုတ်​ထားတယ်​ ကျွန်​​တော်​​ကျွေးမယ်​ ဦး​လေးဘာစားချင်​လဲသာ​ပြော''

"မင်းကငါ့ကို​ကျွေးမယ်​?'' ချန်​အန်း၏မျက်​ခုံးတို့ကရုတ်​တရပ်​မြင့်​တက်​သွားသည်​။ သူခပ်​ညစ်​ညစ်​​တွေလိုက်​ပြီး
"မင်း​ပြောပြီးသားစကားမင်းတာဝန်​ယူ​နော်​''

"ဒါ​ပေမယ့်​မသွားခင်​ မင်းအဝတ်​အရင်​လဲလိုက်​အုန်း''
ချန်​အန်း ၊ ချန်​ယန်းကိုအစအဆုံးကြည့်​လိုက်​ပြီး​ခေါင်းရမ်းလိုက်​သည်​။
"ငါမင်းကိုအင်္ကျီ​ရွေး​ပေးမယ်​''

ချန်​ယန်းဗီရိုထဲမှာအ​ပေါစားအဝတ်​​တွေနဲ့ပြည့်​​နေသည်​။ အခုမှ​တွေးကြည့်​မိတယ်​ ချန်​ယန်းကဖယ်​ရှင်​​ကောဆံပင်​စတိုင်​ကိုပါဂရုမစိုက်​တတ်​တဲ့လူငယ်​တစ်​​ယောက်​ဆိုတာ။ ချန်​အန်းအတွက်​​တော့ သူ့တူကိုအခုလိုဆက်​​နေခိုင်းဖို့လက်​မခံနိုင်​ဘူး။ကံမ​ကောင်းတာကသူတို့အခု​ဈေးဝယ်​ထွက်​ဖို့အချိန်​မရှိတာပဲ။

"မင်းအင်္ကျီနဲ့​ဘောင်းဘီ​တွေကိုချွတ်​လိုက်​'' ချန်​အန်း ဗီရိုကို​မွှေ​နောက်​ရင်းအမိန့်​​ပေးလိုက်​သည်​။

"အမ်​?''

"အဝတ်​​တွေကိုချွတ်​လိုက်​လို့ မင်းအဝတ်​လဲရမယ်​''

Rebirth of Chen An【Zaw + uni】Where stories live. Discover now