အခန်း (၁၂၉) အိုင်ဗန်လေးကိုကြိုဆိုခြင်း

2.1K 310 16
                                    

အခန်း (၁၂၉)   အိုင်ဗန်လေးကိုကြိုဆိုခြင်း

ဖုန်းသံမြည်နေသည့်ဖုန်းစခရင်ကိုချန်အန်းငုံ့ကြည့်လိုက်သည်။ တင်းရှန်း ဟုပေါ်နေသည့်ခေါ်သူကိုကြည့်လျက် တခဏကြာစဥ်းစားပြီး ခလုတ်နီနှိပ်လိုက်သည်။ ထို့နောက်လေပူသဲ့သဲ့မှုတ်ထုတ်ကာ လျှောကျနေသည့်နေကာမျက်မှန်ကိုပင့်တင်ပြီး ကားပြတင်းအပြင်မှာပတ်ဝန်းကျင်စိုစိမ်းစိမ်းဆီအကြည့်လွှဲလိုက်သည်။
ချန်အန်းမျှော်လင့်ထားသည့်အတိုင်း အနောက်တိုင်းအုပ်စုက Red Foxသမီးကိုသူတို့အရင်တွေ့သွားမှန်းမသိသလို Red Foxဟာလည်းသူတို့ထိန်းချူပ်မှုအောက်မရှိတော့မှန်သိမထားကြပေ။ ဒါကြောင့် Red Foxနဲ့သူတို့ဆက်သွယ်ထားတဲ့အကြောင်းအရာတွေသက်သေအဖြစ်စုဆောင်းထားသည်။ အဆင့်သင့်ဖြစ်​မို့တိုက်ခိုက်ရန်လည်းအသင့်ဖြစ်နေပြီ။

သူတို့စနက်နဲ့သူတို့ကိုတန်ပြန်ပြီး လုဖုန်းလူများကအနောက်တိုင်းအုပ်စု၏ပုန်ကန်မှုကိုသေသပ်စွာရှင်းလင်းပစ်လိုက်သည်။ အံ့ဩစရာကောင်းလောက်အောင် အမြန်နှုန်းနဲ့အင်အားသုံးဖြေရှင်းခဲ့တာမို့ သစ္စာဖောက်များအမြစ်ပြတ်သွားသလို ဖောက်ချင်နေသူများကိုလည်းသတိပေးပြီးသားဖြစ်သွားသည်။

တစ်ဖက်မှာနှစ်ဖက်ပူးသတ်ခံရနေချိန် ချန်အန်း
နှင့်လုဖုန်းကတော့ ဆီးရီယားကိုလူအင်အားနဲ့ဝင်ပြီးအလုခံလိုက်ရသည့်လက်နက်များကိုပြန်ရှာတွေ့ခဲ့သည်။

'' ပို့လိုက်တဲ့ပစ္စည်းတွေထဲမှာ လက်နက်အသေးတွေအပြင် အကြီးစားတွေလည်းပါတယ်။ စက်သေနတ်တွေ ဒုံးကျဥ်သေနတ်တွေနဲ့ တင့်ကားတို့ ရဟတ်ယာဥ်တို့လိုမျိူးပေါ့။''

ရောက်ရောက်ချင်းမှာပဲ လုဖုန်းက ချန်အန်းနှင့်ချန်ယန်းကို သူပုန်အဖွဲ့ဝှက်ထားသည့်လက်နက်ဂိုထောင်ဆီသို့ခေါ်သွားသည်။ တံခါးကိုဖွင့်လိုက်သည်နှင့် လက်နက်ပုံကြီးကကြိုနေပြီး အလယ်ခေါင်တွင်ရပ်ထားသည် တင့်ကားနှင့်ရဟတ်ယာဥ်ကထင်းထင်းကြီးပေါ်လွင်နေသည်။

'' လက်နက်အသေးတွေကတော့ သူတို့ကိုယ်တိုင်သုံးဖို့ယူသွားတာ ဒါမှမဟုတ် ဖျောင်ပစ်တာဖြစ်နိုင်တယ်။ လက်ရှိမှာ သေတ္တာသုံးခုစာပဲကျန်တယ်။လက်နက်ကြီးတွေကတော့ သယ်သွားသယ်လာမလွယ်တာရောစျေးကြီးတာကြောင့်ရော မထိထားကြဘူး။''

Rebirth of Chen An【Zaw + uni】Where stories live. Discover now