အခန်း (၁၅) လက်​တုန့်​ပြန်​ရမည်

12.8K 1.7K 9
                                    

အခန်း (၁၅) လက်​တုန့်​ပြန်​ရမည်

"​တောင်းပန်​ပါတယ်​ ။ ငါ့ကိုယ်​​ရေးကိုယ်​တာနဲ့မင်းကိုပါဒုက္ခ​ရောက်​​စေမိပြီ''

ရဲစခန်းကထွက်​လာတာနဲ့ချန်​အန်းချက်​ချင်းပဲ တင်းရှန်းကို​တောင်းပန်​လိုက်​တယ်​။ အထိုးခံရတဲ့နှစ်​​ကောင်​က​တော့အထဲမှာရှိ​နေတုန်းပဲ။ တင်းရှန်းရဲ့အထူး​နောက်​ခံ​ကြောင့်​ပြသာနာတစ်​ချို့ ဟာဘာမှလုပ်​စရာမလိုပဲ အလိုလိုရှင်းပြီးသားဖြစ်​လို့ သူတို့လွှတ်​လာခဲ့ခြင်းဖြစ်​သည်​။

"သူတို့နဲ့ထိုက်​တာသူတို့ရတာပဲ။ အဲ့လိုလူမျိုး​တွေကိုနာနာတီး​ပေးမှသင်​ခန်းစာရမှာ။ သူတို့ခင်​များကိုထပ်​ပြသာနာရှာရင်​ကျူပ်​ကိုလာရှာဖို့မ​မေ့နဲ့ဗျာ''

ကိုယ်​တိုင်​လည်းရဲအရာရှိတစ်​ဦးဖြစ်​တဲ့တင်းရှန်းအ​နေနဲ့​ငွေ​ပေါ်နားတဲ့ကျီး​တွေကိုရဲ​ခေါ်ဖမ်းခိုင်းတာ ဘာမှအသုံးမဝင်​မှန်းသူသိတယ်​။

"​ကျေးဇူးပဲ တင်းရှန်း''
ချန်​အန်းလည်း​ပျော့ညံ့သလိုဟန်​​ဆောင်​ဖို့လုံးဝစိတ်​ထဲစနိုးစ​နောင့်​မဖြစ်​​ပေ။ သူ့ရဲ့သရုပ်​အမှန်​ကိုဖုံးထားဖို့ စိတ်​ပျက်​စရာ​ကောင်းတဲ့အတိတ်​​တွေကိုထုတ်​ပြရတာ အကျိုးယုတ်​တဲ့ကိစ္စမှမဟုတ်​ပဲ။

"ငါ့အတိတ်​နဲ့ပတ်​သက်​ပြီးမင်းကိုဘာမှမ​ပြောခဲ့ဖူးလို့ အားနာတယ်​ကွာ။ ငါတို့​ဆေးရုံမှစ​တွေ့တဲ့အချိန်​ကိုမှတ်​မိ​သေးလား။ အဲ့ဒီအချိန်​က ငါစိတ်​မ​ကောင်းစရာအ​တွေ့အကြုံတစ်​ချို့ ကိုဖြတ်​သန်းပြီးငါ့ဘဝကိုအသစ်​ပြန်​စတဲ့အချိန်​ပဲ''

ချန်​အန်းအ​သေချာ​ပြောပြဖြစ်​တယ်​။ သူဘယ်​လိုလူလိမ်​ခံရပြီး သူ့ဘဝကြီးပျက်​စီး​နေတဲ့အချိန်​သတ်​​သေဖို့လုပ်​ခဲ့တယ်​ဆိုတာ​ကော။

"​တော်​​သေးတယ်​။ငါအသက်​ဆက်​ရှင်​​နေ​သေးလို့။ ငါ့အထင်​​တော့ဘုရားသခင်​ကငါ့ကိုဘဝအသစ်​တစ်​ခုထပ်​​ပေးလိုက်​တာပဲ မှတ်​ဥာဏ်​​တွေကိုပါအဆစ်​​ဖျောက်​​ပေးလိုက်​​သေးတယ်​။အဲ့တာ​ကြောင့်​​ရှေ့​လျှောက်​ငါ​ကောင်း​ကောင်းရှင်​သန်​သွားရမယ်​။ အ​စော​တွေ့ခဲ့တဲ့လူ​တွေကအတိတ်​ကလူ​တွေပဲ အဲ့တာ​ကြောင့်​သူတို့​ပြောသမျှငါ​မေ့ပစ်​လိုက်​မယ်​''

Rebirth of Chen An【Zaw + uni】Where stories live. Discover now