အခန်း (၅၁) ကြိုဆိုပါတယ်

9.2K 1.2K 37
                                    

အခန်း (၅၁) ကြိုဆိုပါတယ်

နေ့အချိန်​တွင်​​အော်​ဟစ်​သွားလာခဲ့ကြ​သောလူအစုအ​ဝေးများက ညတွင်​ပင်​ပန်းသည့်​ကိုအ​ကြောင်းပြပြီး ပါတီကျင်းပ၊​ဆေးချ ကြသည်​။ ချန်​အန်းနဲ့ချန်​ယန်း ဆိပ်​ကမ်းမှာလက်​နက်​ပို့ပြီး Kiev(ကီးယက်​) မှာရှိ​နေတဲ့ အမျိုး​ကောင်းသား​လေးဝမ်​​ဟောင်​ကိုဝင်​​ခေါ်စဉ်​ ထိုအမျိုး​ကောင်းသား​လေး ကလည်း ယူကရိန်းများကြား​ပျော်​​မွေ့​နေပြီ။

ချန်​အန်းဆီက သူတို့အ​ရှေ့အလယ်​ပိုင်းကိုသွားမယ့်​အ​ကြောင်းကြား​တော့ တီဗီထဲမှာပဲ​တွေ့ရတဲ့​နေရာမို့ စိတ်​ဝင်​စားပြီး ချန်​အန်းတို့​နောက်​ သ​ဘောင်္နှင့်​လိုက်​ခဲ့သည်​။

ညိမ်​သက်​​နေသည့်​ပင်​လယ်​ပြင်​ကြီးက ​နေ​ရောင်​​အောက်​တွင်​ ဖြိုးဖြိုးဖျတ်​ဖျတ်​လက်​​နေသည်​။ ပင်​လယ်​ပြာကား ​တောက်​ပ​သောနီလာ​ကျောက်​များ စု​ဝေး​နေသည့်​နှစ်​လိုဖွယ်​ရှိ၏။ သာမန်​ကုန်​သ​ဘောင်္တစ်​စင်းက ထို​ရေပြင်​​ပေါ်တွင်​ အဖြူ​ရောင်​​ရေလှိုင်းများချန်​လျှက်​ ​အေး​ဆေးစွာ​မောင်းနှင်​​နေသည်​။

ကြေးစားစစ်​သားတစ်​ချို့ က သာမန်​အလုပ်​သမားများဟန်​ဝတ်​ဆင်​ထားကြပြီး ကုန်းပတ်​တွင်​ကင်းလှည့်​​နေသည်​။ ဝမ်​​ဟောင်​က​တော့ ဤသည်​ကိုဂရုမစိုက်​။ သ​ဘောင်္အခန်းငယ်​အတွင်း၌ ယူကရိန်းသူများနှင့်​ swimsuit ပါတီကျင်းပ​နေ၏။

ချန်​ယန်းသ​ဘောင်္ဦးလက်​ကိုဆုပ်​ကိုင်​ထားမိသည်​။ ​တောက်​ပ​နေသည့်​အပြာ​ရောင်​​ရေပြင်​က သူ့ကိုမူး​ဝေ​နေ​စေသည်​။ သူမျက်​လုံးကိုမှိတ်​လိုက်​ပြီးမှ ကုန်းပတ်​အစွန်းတွင်​ထိုင်​​နေသည့်​ ချန်​အန်းကို ကြည့်​လိုက်​သည်​။

ချန်​အန်းက သ​ဘောင်္ကုန်းပတ်​၏အစွန်းတွင်​တစ်​​ယောက်​တည်းထိုင်​​နေပြီး ​နောက်​ရှိ သံတိုင်​ကိုမှီထားသည်​။ လက်​တွင်​လည်းစီးကရက်​တစ်​လိပ်​နှင့်​ ​ခြေတို့ကိုချိတ်​ထားကာ အဆုံးမရှိသည့်​ပင်​လယ်​ပြာကြီးကို​ငေးရင်း မည်​သည်​ကို​တွေး​တော​နေမှန်းမသိ​တွေး​တော​နေ၏။

Rebirth of Chen An【Zaw + uni】Where stories live. Discover now