အခန်း (၁၄၀) ရှေးခေတ်ကချန်ယန်း

1.4K 219 8
                                    

အခန်း (၁၄၀) ရှေးခေတ်ကချန်ယန်း

တိုင်ပင်ခံချင်ယွိကတင့်ကားနဲ့ပတ်သက်ပြီးသိချင်လိုစိတ်အတော်များသည်။ မြင်းမပါဘဲ သံသေတ္တာကိုဘယ်လိုမောင်းသလဲဆိုတာကတော့ခဏခဏမေးသည့်မေးခွန်းပင်။ချန်အန်းလည်းဆင်ခြေကောင်းကောင်းပဲ ''နတ်စွမ်းအား''နဲ့လို့လိုရင်းတိုရှင်းဖြေလိုက်တယ်။ တိုင်ပင်ခံကြီးရဲ့အတည်ပေါက်လိုလိုလားလားသင်ကြားလိုတဲ့ပုံစံကိုအရဆို ဒီရွေ့လျားမှုနောက်ကွယ်က Physics သဘောတရားကိုထိုင်ရှင်းပြရင်သုံးရင်သုံးညလည်းပြီးမှာမဟုတ်ဘူးလေ။
မြို့တော်ကိုသွားတဲ့ရက်ပိုင်းအတွက်တိုင်ပင်ခံကြီးကတစ်ယောက်ယောက်တင့်ကားကိုအပေါက်ဖောက်ပြီးလာဆွဲထုတ်ရင်တောင်တင့်ကားထဲကထွက်ဖို့အစီစဥ်ရှိပုံမရ။ဒီခေတ်မှာဘယ်သူကမှတင့်ကားကိုလာဖောက်ရလောက်အောင်မစွမ်းသာပေမဲ့လို့ပေါ့။

စစ်သူကြီးတို့မြို့တော်ပြန်ရောက်ပြီးသုံးရက်အကြာမှာချန်အန်းတို့လည်းရောက်လာခဲ့သည်။ ချန်အန်းအနေနဲ့စစ်သူကြီးကိုလုဖုန်းလိုမခေါ်ချင်ပါ။ဘာလို့ဆိုဒီစစ်သူကြီးကသူ့ရဲ့လုဖုန်းမဟုတ်ဘူးလေ။

သူတို့မြို့တော်ကိုရောက်ချင်းမှာပဲချန်အန်းနားထဲ စစ်သူကြီးနဲ့ဝမ်ရယ်တို့တိုင်းတစ်ပါးကျူးကျော်သူတွေကိုတိုက်ခိုက်ဖို့ဗျူဟာဆွဲဆွေးနွေးနေကြတယ်ဆိုတဲ့သတင်းရောက်လာခဲ့သည်။ သူနဲ့တင်းရှန်းကဖမ်းခံထားရတာမဟုတ်တော့ပေမဲ့ စစ်သူကြီးနဲ့တို်င်းပြည်ရေးရာတစ်ဝိုင်းတည်းဆွေးနွေးဖို့တော့အဆင့်မရှိဘူးပေါ့။

ဒါကြောင့်တိုင်ပင်ခံအမတ်ကြီးရဲ့လမ်းပြမှုနဲ့နန်းတော်ထဲပဲလျှောက်လည်ဖြစ်ကြသည်။

ကမ္ဘာနေရာတော်တော်များများသူ့ခြေရာတွေချည်းထပ်နေတဲ့ချန်အန်းအတွက်တော့ကြည့်ချင်စရာအထူးအဆန်း ရယ်သိပ်မရှိလှဘူး။ သူ့အနေနဲ့အလုပ်ကိစ္စနဲ့ရောက်ဖြစ်နေတဲ့နေရာမှန်သမျှရက်နည်းနည်းလောက်လျှောက်လည်ဖြစ်တာချည်းပဲ။

အီဂျစ်နိုင်ငံပိရိပစ်တွေကနေ တရုတ်နိုင်ငံတားမြစ်မြို့တော် ၊ အိန္ဒိယရဲ့တာ့ဂျ်မဟာကနေ ရောမတို့ရဲ့ကိုလော့စီရမ်အထိမရောက်ခဲ့ဖူးတာမရှိဘူး။ နိုင်ငံခြားပဲဖြစ်ဖြစ်ပြည်တွင်းပဲဖြစ်ဖြစ် ရှေးဟောင်းအမွေအနှစ်လား၊ခေတ်သစ်ခမ်းနားမှုလား စိတ်ဝင်စားစရာနေရာမှန်သမျှသူမသွားခဲ့ဖူးတာမရှိ။ ဒီကနန်းတော်ကြီးကခမ်းနားတယ်ဆိုပေမဲ့ ပေကျင်းမြို့ကတားမြစ်မြို့တော်နန်းတော်ကြီးနဲ့ယှဥ်ရင်ပြောပစရာတောင်မရှိဘူး။

Rebirth of Chen An【Zaw + uni】Where stories live. Discover now