အခန်း(၈) တူဝရီး

14.8K 1.9K 32
                                    

အခန်း (၈) တူဝရီး

ချန်​အန်းကွန်​ပျူတာ​ရှေ့ထိုင်​​နေရာကသူ့ကို​ခေါ်​နေသည့်​အသံကိုကြား​နေရသည်​။ စိတ်​အထင်​ဟုထင်​​သော်​လည်း အမှန်​တကယ်​ဖြစ်​​နေ၏။ သူကွန်​ပျူတာကို​ခေါင်းစိုက်​ကြည့်​​နေရာက ​မော့လိုက်​ပြီး မီးဖို​ချောင်​ထဲကအလုပ်​များ​နေတဲ့​ကောင်​​လေးကိုလှမ်း​အော်​လိုက်​သည်​။

"ချန်​ယန်း မင်းငါ့ကို​ခေါ်​နေတာလား''

"ဟမ်​? ဦး​လေး ဘာဖြစ်​လို့လဲ''

အေပရွန်းကိုခါးမှာချည်​လျှက်​ အသီးရွက်​​ကြော်​ပူပူတစ်​ခွက်​ကိုင်​ထားသည့်​ ချန်​ယန်းက ခပ်​မြန်​မြန်​စားပွဲ​ပေါ်ချပြီး လက်​ကိုခါးစည်းဖုံးနှင့်​သုတ်​လျှက်​ ငါးဟင်းကိုဆက်​ချက်​ရန်​ပြင်​သည်​။ ချန်​အန်း ၊ ချန်​ယန်းကိုသံသယမျက်​လုံး​တွေနဲ့ကြည့်​လိုက်​ပြီး..

"ဘာမှမဟုတ်​ဘူး ဆက်​လုပ်​''

ချန်​အန်း သူ့ကြည့်​​နေတဲ့ကွန်​ပျူတာစခရင်​ကိုပြန်​အာရုံစိုက်​လိုက်​သည်​။ သူတကယ်​တစ်​ခုခုကြားလိုက်​ပါတယ်​။

"ဦး​လေး ကျွန်​​တော်​တို့ခဏ​နေစားလို့ရပြီ​နော်​''

ချန်​ယန်းက ခပ်​သွက်​သွက်​ ​ပြေးလာ​ပြောပြီးခပ်​မြန်​မြန်​မီးဖို​ချောင်​ထဲသို့ပြန်​ထွက်​သွားသည်​။ ခဏကြာ​တော့ ချန်​ယန်း ထမင်းခွက်​​ဘေးမှာ တူတစ်​စုံကို​သေ​သေသပ်​သပ်​ချလိုက်​သည်​။ စားပွဲတစ်​ခုလုံးက ဟင်​အမည်​မျိုးစုံဖြင့်​အ​ငွေ့တ​ထောင်း​ထောင်းထ​နေသည်​။ ငါးဟင်း၊ပုစွန်​ထုပ် ၊ ဟင်းရွက်​​ကြော်​ တို့ကမျက်​စိပဒသာဖြစ်​၍ မြင်​ရုံနဲ့ပြင်​သွားရည်​ကျချင်​စရာ​ကောင်းလှသည်​။ အရသာက​တော့​မေးရန်​မလို​တော့။
လွန်​ခဲ့တဲ့ရက်​​တွေက​ဆေးရုံစာ​တွေပဲစားခဲ့ရ​တော့ ချန်​အန်းတူကိုအမြန်​ကိုင်​ပြီး ဟင်းအချို့ကို​ကောက်​ထည့်​စားလိုက်​​တော့သည်​။ ချန်​ယန်းက ဂရုတစိုက်​ပုဇွန်​ကိုအခွံခွာ​ပေးပြီး ချန်​အန်းထမင်းပန်းကန်​လုံးထဲထည့်​​ပေးသည်​။ ဒီက​လေးကငယ်​ငယ်​​လေးနဲ့အ​မေလိုမျိုးဂရုစိုက်​တတ်​လွန်းတယ်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now