အခန်း (၁၃) ဦး​လေး မကြိုက်​ဘူးလား?

13.2K 1.9K 24
                                    

အခန်း (၁၃) ဦး​လေး မကြိုက်​ဘူးလား?

တင်းရှန်း၊ ချန်​အန်းနဲ့ပတ်​သက်​ပြီးမသင်္ကစရာတစ်​စုံတစ်​ခု​တွေ့သွားမလား ချန်​အန်းစိတ်​မပူ​တော့ဘူး။ သူတင်းရှန်းနဲ့မိတ်​ဖွဲ့လိုက်​​ပေမယ့်​ 'ချန်​အန်း' ဆိုတာ အသက်​သုံးဆယ်​​ကျော်​သာမန်​လူတစ်​​ယောက်​ဆိုတာထက်​ပိုပြီးဘာမှမသိ​စေရဘူး။
သူ့လက်​ထဲကပိုက်​ဆံကိုဘယ်​လိုသန့်​ရှင်း​အောင်​လုပ်​ရမလဲဆိုတာသိတဲ့ချန်​အန်းဆီမှာနည်းလမ်းရှိပြီးသား။ ရှန်​ဟိုင်းက ​ငွေမည်းကို​ငွေဖြူဖြစ်​​အောင်​လုပ်​ဖို့ အ​ကြောင်းပြချက်​​ကောင်း​ကောင်းမရှိတဲ့​နေရာမဟုတ်​ဘူး။ ဒီမှာက ဆုမဲ​ပေါက်​တဲ့ထီလက်​မှတ်​​တွေကိုဝယ်​စုထားတဲ့လူ​တွေရှိတယ်​။ချန်​အန်းလုပ်​ရမှာကထီလက်​မှတ်​တစ်​​စောင်​ဝယ်​ပြီး သူ့လက်​ထဲကပိုက်​ဆံ​တွေကထီ​ပေါက်​တာပါလို့​ပြောရုံပဲ။
ပုံမှန်​အတိုင်းပဲမနက်​စာစားပြီးတာနဲ့ချန်​အန်းအလုပ်​ကိုသွားတယ်​။ သူချန်​ယန်းကို အဆင့်​မြင့်​ကွန်​ဒိုတစ်​ခုမှာ လုံခြုံ​ရေးဝန်​ထမ်းလုပ်​​နေတာလို့​ပြောထားလိုက်​တယ်​။ ဒီအလိမ်​အညာ​တွေသူညဘက်​ပြန်​မလာတဲ့အခါလုံးဝ​ဖြေရှင်းပြီးသားဖြစ်​သွားတယ်​။ ​ကောက်​ကျစ်​တဲ့​မြေ​ခွေးအိုကြီးကထုံးစံအတိုင်းအလိမ်​အညာ​တွေနဲ့ပဲ ပြည့်​နှက်​​နေတယ်​။ ပြီး​တော့သူ့ပတ်​ဝန်းကျင်​ကလူတိုင်းကိုအကန့်​အသတ်​နဲ့ပဲယုံကြည်​ထားတယ်​။

လုဖုန်းရဲ့သစ္စာ​ဖောက်​မှုက သူ့နှလုံးသားထဲမှာဖျတ်​မရ​အောင်​အရိပ်​ထင်​​နေခဲ့ပြီးပြီ။

"ဦး​လေး ​နေအုန်း''

အပြင်​ထွက်​ဖို့ပြင်​​နေတဲ့ချန်​အန်းကို ချန်​ယန်း​အော်​ပြီးတာလိုက်​တယ်​။ တံခါးဖွင့်​ဖို့ပြင်​​နေသည့်​ချန်​အန်းကရပ်​လိုက်​ပြီး သူ့​နောက်​က​ကောင်​​လေးကိုပြန်​ကြည့်​လိုက်​၏။
"ဘာလဲ''

သူ့အိတ်​သူ​မွှေ​နှောက်​ရှာ​နေတဲ့​ကောင်​​လေးက​တော့အ​တော်​အလျင်​လို​နေပုံရသည်​။ချန်​ယန်းကလိမ္မာတဲ့က​လေးဆိုတာသိ​ပေမယ့်​ ချန်​အန်းအ​နေနဲ့အကွာအ​ဝေးတစ်​ခုခြားပြီး​နေချင်​တယ်​။ အိတ်​​သေး​သေး​လေးတစ်​လုံးနဲ့ ချန်​ယန်းသူ့ဆီ​ပြေးလာတယ်​။ပြီး​တော့တစ်​ခုခုကို​ပြောဖို့တုန့်​ဆိုင်း​နေတယ်​ ​နောက်​ဆုံး​တော့ ချန်​အန်းကိုအိတ်​ငယ်​​လေးကမ်း​ပေးလိုက်​သည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now