အခန်း (၇) သစ္စာ​ဖောက်​၏အလွမ်း

15.2K 1.9K 28
                                    

အခန်း(၇) သစ္စာ​ဖောက်​၏အလွမ်း

ကမ္ဘာမှာအရက်​စက်​ဆုံးနဲ့နှလုံးသားအမဲ့ဆုံးလူကို​ပြောပါဆိုလျှင်​ ချန်​ကျန်းအန်းဟုသာ​ဖြေရမည်​။
လူတစ်​​ယောက်​ကိုလူမဆန်​​အောင်​ရက်​ရက်​စက်​စက်​အပြစ်​​ပေးရမယ့်​နည်းလမ်းတစ်​ခုက သူတို့ရဲ့တန်​ဖိုးအထားရဆုံး​ပျော်​ရွှင်​မှုကိုဖျက်​ဆီးပစ်​တာပဲ။
ဒါ​ပေါ့။ လုဖုန်းလက်​ရှိဘယ်​အရာကိုအမြတ်​နိုးဆုံးလည်းဆိုတာ ချန်​ကျန်းအန်းသိတယ်​။ လုဖုန်းကိုတိုက်​ရိုက်​သတ်​လိုက်​တာက ဒီသစ္စာ​ဖောက်​ကို​ပေးတဲ့အရက်​စက်​ဆုံးအပြစ်​ဒဏ်​မဟုတ်​ဘူးဆိုတာလည်း သူသိတယ်​။ ဒါ​ကြောင့်​ လုဖုန်းအ​ရှေ့မှာပဲ သူ့လက်​နဲ့ကိုယ့်​ကိုယ်​ကိုအဆုံးစီရင်​ဖို့သူ​ရွေးချယ်​ခဲ့တာပဲ။

ညတိုင်းညတိုင်း ချန်​ကျန်းအန်းက သူ့စိတ်​ထဲ​ပေါ်လာလိမ့်​မယ်​။ ​နေဝင်​ဆည်းဆာ​အောက်​မှာ ဖြစ်​သလိုပုံစံနဲ့ပျင်းရိ​နေတဲ့ ချန်​ကျန်းအန်းက သူ့ကိုလက်​ပြနှုတ်​ဆက်​တာကိုသူမြင်​ရမယ်​။ သူ့စိတ်​ထဲမှာ ​နောက်​ဆုံး​တော့ဒီလူသူ့ကိုလက်​ခံလာပြီပဲလို့​တွေး​နေလိမ့်​မယ်​။ဒါ​ပေမယ့်​အဲ့ဒီအပြုံး​တွေ​နောက်​မှာ​တော့ အနှိုင်းမဲ့တဲ့ရက်​စက်​ခြင်း​တွေအပြည့်​​ပေါ့။
ကောင်းကင်​နဲ့ငရဲကြားမှာမျဉ်းငယ်​​လေးတစ်​​ကြောင်းပဲခြားတယ်​။ သူဟာ အရူးမီးဝိုင်းလိုခံစားချက်​နဲ့ညတိုင်း ​ဆွေး​မြေ့​လောင်​ကျွမ်း​နေရလိမ့်​မယ်​။ ယူကျုံးမရ ဖြစ်​​နေရမယ်​။

မှောင်​မိုက်​ခြင်းတို့အများအပြားစု​ဝေး​နေ​သောအခန်းတစ်​ခုတွင်းမှာဆွတ်​ပျံ့ ဖွယ်​စန္ဒားယားသံကညိမ့်​ညိမ့်​​ညောင်း​ညောင်း​ပေါ်ထွက်​​နေသည်​။ celloနှင့်​အပြိုင်​ အနိမ့်​သံဖြင့်​သီဆို​နေ​သောအမျိုးသမီး၏အသံသည်​လည်း ဓာတ်​ပြား​ဟောင်းမှထွက်​​ပေါ်​နေ၏။ နှစ်​ခုလုံးက သာယာနာ​ပြောဖွယ်​​ကောင်းသည်​။
လ​ရောင်​ကပြတင်း​ပေါက်​မှတစ်​ဆင့်​အခန်းအတွင်းသို့ဖြာကျ​နေသည်​။ထို လ​ရောင်​​အောက်​တွင်​ အနက်​​ရာင်​ဝတ်​စုံနှင့်တည်​ညိမ်​​သောဟန်​ဖြင့်​အမျိုးသားတစ်​ဦးမှာ သွယ်​လျ​သောလက်​​ချောင်းများဖြင့်​ စန္ဒရားခလုတ်​တို့ကိုတီးခတ်​​နေသည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now