အခန်း(၄၁) ရန်​သူအသစ်​နဲ့စကားစမြည်း

10.3K 1.4K 30
                                    

အခန်း(၄၁) ရန်​သူအသစ်​နဲ့စကားစမြည်း

'ချန်​အန်း'ရဲ့မူလပိုင်​ဆိုင်​မှု​တွေအားလုံးက​တော့သူ့ရဲ့ရည်းစား​လေးလျူ​ရှောင်​ကျဲ့ရဲ့လက်​ထဲအကုန်​​ရောက်​သွားခဲ့တယ်​။ဒါ​ပေမယ့်​သူက​တော့သူ့ပိုင်​ဆိုင်​မှု​တွေကို လျူ​ရှောင်​ကျဲ့နဲ့သူ့ရည်းစားအသစ်​ဝမ်​​ဟောင်​တို့ကတစ်​ဖက်​လှည့်​နဲ့ ကိုယ်​ပိုင်​စီးပွား​ရေးပြန်​လုပ်​​နေတယ်​ဆိုတာမသိခဲ့ရှာဘူး။
ဝမ်​​ဟောင်​ဆိုတဲ့​ကောင်​​လေးကဒုတိယမျိုးဆက်​ရဲ့'ဟိုင်​​ကွေး'ပဲ။ ဒါ​ကြောင့်​ချန်​အန်းလို့ဘာအင်​အားမှမရှိတဲ့သူ​ဋ္ဌေး​လေးအတွက်​​တော့​သေလမ်း​ရွေးချယ်​သွားတာမဆန်းဘူး​ပေါ့။
[ဟိုင်​​ကွေး - နိုင်​ငံခြားပညာ​တော်​သင်​၊နိုင်​ငံခြားပြန်​ပညာတတ်​ ဒါ​ပေမယ့်​ သူ့အသံထွက်​က'လိပ်​' ဆိုတဲ့အသံထွက်​နှင့်​တူတာ​ကြောင့်​ချန်​အန်းက​လှောင်​လိုက်​တာပါ]

သူတို့Gymမှ​တွေ့ခဲ့တာ လအ​တော်​ကြာသွားပြီဆို​ပေမယ့်​ ဝမ်​​ဟောင်​က​တော့အခုထိတင်းရှန်းသူ့ကိုရိုက်​ထားတာ​တွေမှတ်​မိ​နေ​သေးသည်​။ သို့​ပေမယ့်​ ဒီလူသူ့​ရှေ့ရုတ်​တရပ်​​ရောက်​လာပြီးနှုတ်​ဆက်​​တော့ ဝမ်​​ဟောင်​တစ်​ခဏ​တော့မမှတ်​မိနိုင်​​တော့​ပေ။

"ချန်​.... ချန်​အန်း?''

ခဏ​လောက်​​ငေး​ကြောင်​​နေပြီးမှ ဝမ်​​ဟောင်​အလန့်​တကြား​အော်​လိုက်​သည်​။ သူ့မျက်​လုံး​တွေကပြူးကျယ်​​နေပြီး အခုသူ့​ရှေ့မှာရပ်​​နေတဲ့ အရမ်းကို​ချော​မောခန့်​ညားတဲ့အမျိုးသားက တစ်​ချိန်​ကရုပ်​ဆိုးဝတုတ်​ချန်​အန်းဆိုတာသူဖြင့်​မယုံနိုင်​ဘူး။
အသံနှင့်​Gymမှာတုန်းက ဝိတ်​ချပြီး၊သွားပြင်​​နေတယ်​ဆိုတာသာမသိထားရင်​ အခုသူ့​ရှေ့ကယုံကြည်​ချက်​အပြည့်​အဝနဲ့ရပ်​​နေတဲ့လူနဲ့၊ ရုပ်​ဆိုးပြီးသုံးစားမရတဲ့ချန်​အန်းနဲ့ဘယ်​လိုမှဆက်​စပ်​​တွေးမိမှာမဟုတ်​ဘူး။ ဒီအချက်​ကဝမ်​​ဟောင်​ကိုအရမ်း​ရှော့ရသွား​စေပြီးအခုလို​ပြောင်းလဲမှုကိုယုံ​တောင်​မယုံနိုင်​ဘူး။ တစ်​ချိန်​ကသူ့အမြဲ အမှိုက်​ လို့​ခေါ်​နေခဲ့တာကို​တောင်​​မေ့ချင်​လာတယ်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now