အခန်း(၈၄) ရင်​တွင်းစကား

8.6K 1.2K 182
                                    

အခန်း(၈၄) ရင်​တွင်းစကား

လူ​ပေါင်း​ထောင်​ချီတင်​​ဆောင်​ထားသည့်​ ဇိမ်​ခံသ​ဘောင်္ကြီးတစ်​စီးက စင်​ကာပူဆိပ်​ကမ်းမှမိုးသားပြာ​အောက်​ နီလာ​ရောင်​ပင်​လယ်​ပြင်​​ပေါ်တွင်​ခုတ်​​မောင်းလျှက်​ထွက်​ခွာသွားသည်​။

ဘောင်​မပါသည့်​ မျက်​မှန်​နှင့်​​ရောင်​စုံပန်းကွက်​များပါသည့်​အင်္ကျီကိုဝတ်​ဆင်​ထားသူက အနက်​​ရောင်​ဝတ်​လူစုကြားတွင်​လင်းရှင်း​နေသည်​။ တက္ကသိုလ်​ဆရာသဖွယ်​ ချန်​အန်းကမျက်​မှန်​ကိုပင့်​တင်​လိုက်​ပြီး မိမိနှင့်​မလှမ်းမကမ်းမှ ဝိုင်​​သောက်​လျှက်​စကား​ဖောင်​ဖွဲ့​နေသည့်​​ရွှေ​ရောင်​ဆံပင်​နှင့်​အမျိုးသားကိုကြည့်​လိုက်​သည်​။

ချန်​အန်းနှုတ်​ခမ်းတစ်​ချက်​တွန့်​ပြီး သက်​​တော်​​စောင့်​များခြံရံလျှက်​ အိုင်​ဗန်​ရှိရာ​လျှောက်​သွားလိုက်​သည်​။ ခပ်​လန်းလန်း​စော်​တစ်​​ပွေနဲ့ချိတ်​​နေသည့်​ ​ရွှေ​ရောင်​ဆံပင်​နှင့်​အမျိုးသားက ချန်​အန်းကိုမြင်​​တော့ ​စော်​​လေးတင်​ပါး​ပေါ်တွင်​တင်​ထားသည့်​ မိမိလက်​ကိုချက်​ချင်းဖယ်​လိုက်​သည်​။

လက်​နှစ်​ဖက်​ကိုဖွင့်​ပြီး သူကပိုပိုသာသာတက်​ကြွစွာ ချန်​အန်းကိုဖိတ်​​ခေါ်သည်​။

"ကိုယ့်​အချစ်​အန်း...မင်းကို​စောင့်​ရတာ​သေ​တော့မယ်​သိလား''

ဒီလို​ဗြောင်​လိမ်​တာမျိုးက ဝက်​ဝံမျက်​နှာမှာ​တော့ရှက်​ရွံခြင်းတစ်​စုံတစ်​ရာ​တွေ့ရမည်​မဟုတ်​။ ချန်​အန်းကတည်​ညိမ်​စွာဖြင့်​ အိုင်​ဗန်​ကိုပြန်​လည်​​ပွေ့ဖက်​လိုက်​သည်​။ ''အရမ်း​သေချင်​တယ်​​ပေါ့​လေ... အိုင်​ဗန်​''

အိုင်​ဗန်​ကရယ်​​မောပြီး ချန်​အန်းနံ​ဘေးသို့လာကာအသံကိုနိမ့်​ပြီး​ပြောလိုက်​သည်​။ '' ဒီအိုင်​ဗန်​ကြီးတစ်​​ယောက်​တည်း​သေလု​မြောပါးဖြစ်​​နေတာမဟုတ်​ပါဘူး ၊ ချစ်​စရာ​အိုင်​ဗန်​​ငယ်​လေးကလည်းမင်းအ​ကြောင်းကိုအမြဲ​တွေး​နေပါတယ်​။ သူမင်းနဲ့အရမ်းကိုနီးကပ်​ချင်​​နေပါပြီတဲ့''

Rebirth of Chen An【Zaw + uni】Where stories live. Discover now