အခန်း(၃၅) ဗီလိန်​အိုင်​ဗန်

11.1K 1.4K 31
                                    

အခန်း(၃၅) ဗီလိန်​အိုင်​ဗန်

ချန်​ယန်းသူ့ကိုကူညီရင်းအထိုးကြိတ်​ခံ​နေရတာကိုမြင်​​တော့ချန်​အန်းညိမ်​မ​နေ​တော့ပဲ ထိုသက်​​တော်​​စောင့်​များကို​မြေပြင်​​ပေါ်လဲသည်​အထိကန်​ပစ်​လိုက်​သည်​။ ထိုအ​ခြေအ​နေကအိုင်​ဗန်​ကိုပိုလို့​တောင်​ရယ်​​မော​စေရုံသာမက လုဖုန်း၏အာရုံကိုပါဆွဲ​ဆောင်​သွားသည်​။

"​တော်​​လောက်​ပြီးအိုင်​ဗန်​ ငါတူကိုလွတ်​လိုက်​'' ချန်​အန်းအသံနိမ့်​နိမ့်​နဲ့​အော်​​ပြောလိုက်​သည်​။သူအိုင်​ဗန်​ကိုကြည့်​လိုက်​ချိန်​မှာ​တော့ အလွယ်​တကူ ထွက်​သွားဖို့ရာမလွယ်​ကူ​ကြောင့်​သ​ဘော​ပေါက်​လိုက်​သည်​။

"မင်းကိုယ့်​နံမည်​​ခေါ်တဲ့အသံ​လေးကိုယ်​အရမ်းကြိုက်​တယ်​ အန်း'' အိုင်​ဗန်​ပြုံးပြီး သူ့သက်​​တော်​​စောင့်​​တွေကိုလက်​ရမ်းပြလိုက်​သည်​။ ''နည်းနည်းညင်​ညင်​သာသာလုပ်​ပါ တကယ်​လို့အဲ့ဒီ​ကောင်​​လေးဒဏ်​ရာရရင်​ ငါ့အန်း​လေးငါ့ကိုစိတ်​ဆိုး​နေမယ်​''

"ဒါလင်​ သူကတကယ်​ပဲမင်းရဲ့တူ​လေးလား?တူ​လေးနဲ့ အတူညစာစားတာဘယ်​​ပျော်​စရာ​ကောင်းမလဲ။ကိုယ်​နဲ့အတူစားတာကမှပို​ကောင်းမှာ​ပေါ့''

အိုင်​ဗန်​၊ချန်​အန်းရှိရာသို့တစ်​လှမ်းချင်း​လျှောက်​လာ​လေသည်​။ ​ခြေလှမ်းများကနီးကပ်​လာသည်​နှင့်​အမျှ အိုင်​ဗန်​မျက်​လုံးများက ဒီ​နေ့ချန်​အန်းသူ့အလိုကိုလက်​မခံလျှင်​လွှတ်​မ​ပေးနိုင်​ဟူသည့်​ ဆန္ဒကအထင်းသား​ပေါ်လွင်​​နေသည်​ကိုချန်​အန်းမြင်​​နေရသည်​။

"အိုင်​ဗန်​'' သူ​နောက်​မှာရှိ​နေသည့်​လုဖုန်းကစိတ်​မရှည်​သည့်​​လေသံဖြင့်​​ခေါ်လိုက်​သည်​။

"အိုး...မစ္စတာလု ခင်​များမှာအခြားကိစ္စရှိရင်​သွားနှင့်​​လေ။ကျွန်​​တော်​ကဒီညပါတီကိုမတက်​နိုင်​​တော့ဘူး so sorry'' အိုင်​ဗန်​ကချန်​အန်းကိုမျက်​စာပစ်​ပြပြီးလုဖုန်းကို​ပြောလိုက်​သည်​။ ပျင်းစရာ​ကောင်းတဲ့ evening party ထက်​စာရင်​ ချန်​အန်းနဲ့ကစားတာကမှပိုစိတ်​ဝင်​စားစရာ​ကောင်းအုန်းမယ်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now