အခန်း (၁၃၇) ဓားပြကိုချေမှုန်းရန်အစီစဥ်

1.2K 258 10
                                    

အခန်း (၁၃၇) ဓားပြကိုချေမှုန်းရန်အစီစဥ်

စစ်သူကြီးကအပြင်ထွက်ခွင့်ပေးလိုက်တော့မှပဲချန်အန်းလည်းအဖမ်းခံထားရသည့်တင်းရှန်းကိုလာတွေ့နိုင်တော့သည်။

''အန်ကယ်ချန် အဆင်ပြေရဲ့လား။ဘာဖြစ်သွားသေးလဲ။'' တင်းရှန်းကအခန်းကျဥ်းလေးထဲတွင်ကြိုးတုပ်လျက်သားပစ်ထည့်ထားခံရပြီးအ​စောင့်များကစောင့်ကြည့်နေကြသည်။ချန်အန်းကိုမြင်သည်နှင့်ငုပ်တုပ်လေးသူကထကာအပြေးလာပြီးမေးခြင်းဖြစ်သည်။

'' ငါက လွယ်လွယ်နဲ့ဒဏ်ရာရမယ့်သူမျိူးလား''

ချန်အန်းကတင်းရှန်းကိုအရင်ဖက်လိုက်ပြီးနှစ်ယောက်သားထိုင်ချလိုက်သည်။ ထို့နောက်ဒီကမ္ဘာနှင့်ပတ်သက်သည့်လုဖုန်းအကြောင်းကိုတင်းရှန်းနားလည်အောင်ရှင်းပြလိုက်သည်။

''အန်ကယ်ချန် ခင်ဗျားပြောချင်တာကဒီကမ္ဘာကဧကရာဇ်ကခင်ဗျားနဲ့ရုပ်ချင်းတူတဲ့အပြင်နာမည်ပါတူနေတာလား။'' တင်းရှန်းကအံ့ဩလွန်းလို့ယုံပင်မယုံနိုင် ''ဒါက parallel universe များလား။ ကျွန်တော်သိပ္ပံနဲ့ပတ်သက်တဲ့စာတွေဖတ်ဖူးတယ်။အဲ့ထဲမှာပြောတာတွေက လောကမှာ အပြိုင်ကမ္ဘာတွေအများကြီးရှိပြီးအဲ့ဒီမှာတူညီတဲ့လူကမတူညီတဲ့ဘဝအမျိူးမျိူးဖြစ်နေတာမျိူးလည်းဖြစ်နိုင်တယ်တဲ့။'' တင်းရှန်းကစိတ်လှုပ်ရှားလျက်မေးနေစဥ်မှာပဲချန်အန်းဆီကလိမ်ဆွဲခြင်းခံလိုက်ရသည်။

''နာလား''

''နာတာပေါ့'' တင်းရှန်းကဆိတ်ဆွဲခံရသည့်နေရာကိုပွတ်ချေရင်ပြန်ဖြေသည်။အန်ကယ်ချန်တို့အားကောင်းပုံကတော့။ ''အန်ကယ်ချန် အဆင်ပြေရဲ့လား''

တင်းရှန်းကချန်အန်းကိုဂရုဏာသက်စွာမေးလိုက်သည်။ ချန်အန်းအနေနဲ့အပြိုင်ကမ္ဘာကိုရောက်နေတယ်ဆိုတာရယ်ဒီကမ္ဘာမှာလုဖုန်းနဲ့တစ်ထေရာတည်းတူတဲ့လူရှိတာရယ်ကိုလက်ခံဖို့အတော်လေးခက်ခဲမှာပဲဟုတွေးမိသောကြောင့်ပင်။

''ငါအဆင်ပြေပါတယ် ''

''အန်ကယ်ချန် ကျွန်တော်နားလည်ပါတယ်။ဒီရက်ပိုင်းလေးအတွင်းအများကြီး​ဖြစ်ပျက်ခဲ့တော့လက်ခံရခက်ခဲနေမှာပဲ။ ကျွန်တော်လည်း အခုထိလက်ခံဖို့ခက်ခဲနေသေးတာပဲ။''

Rebirth of Chen An【Zaw + uni】Where stories live. Discover now